International News

ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသားများသို့ ကွန်ဒိုတိုက်ခန်းများ လွှဲပြောင်း ပေးခဲ့မှု မြင့်တက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံမှ ကွန်ဒိုဝယ်ယူသူများထံ လွှဲပြောင်းပေးမှုသည် ၂၀၂၃ ခုနှစ် မှတ်တမ်းပါ စုစုပေါင်းပမာထက် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ ကွန်ဒို ၆၃၈ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၃.၂၄ ဘီလီယံကို မြန်မာနိုင်ငံသား များသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း လွှဲပြောင်းပေးနိုင်ခဲ့မှုမှာ ၅၆၄ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၃.၇ ဘီလီယံ ဖြစ်သဖြင့် အမြင့်ဆုံးအဆင့်အဖြစ် မှတ်တမ်းတင်ထားသော်လည်း ယခုလွှဲပြောင်း ပေးခဲ့မှုမှာ ယင်းပမာဏထက်ကျော်လွန်နေပါကြောင်း၊ မြန်မာနိုင်ငံသားများသို့ ကွန်ဒိုအခန်းများ လွှဲပြောင်းပေးခဲ့မှုမှာ ၂၀၂၁ ခုနှစ်တွင် တန်ဖိုး ဘတ် ၂၇၄ ဘီလီယံနှင့် ၂၀၂၂ ခုနှစ်တွင် ၃၄၉ ခန်းအတွက် တန်ဖိုးအားဖြင့် ဘတ် ၂.၅၅ ဘီလီယံဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ်၌ နိုင်ငံခြားသားများသို့ ကွန်ဒိုလွှဲပြောင်း ပေးခဲ့မှုများတွင် မြန်မာနိုင်ငံသည် အဆင့် ၁၀ အတွင်း၌ရှိပါကြောင်း အိမ်ခြံမြေသတင်းအချက်အလက် စင်တာ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Vichai Viratkapan က ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ် အချက်အလက်များအရ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုအရေအတွက်တွင် တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် အဆင့် ၁ မှ ၅ အတွင်းရှိပြီး မြန်မာသည် အဆင့် ၆ ဖြစ်ပါ ကြောင်း၊ ကွန်ဒိုတန်ဖိုးအဆင့် သတ်မှတ်ချက်၌ တရုတ်နှင့် ရုရှားတို့ပြီးပါက မြန်မာသည် အဆင့် ၃ တွင် ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှုအရေအတွက်၌ တရုတ်၊ ရုရှားနှင့် အမေရိကန် တို့ပြီးပါက မြန်မာဖြစ်ပြီး ကွန်ဒိုတန်ဖိုးအဆင့် သတ်မှတ်ချက်၌ တရုတ်နှင့် ရုရှားတို့ပြီးပါက မြန်မာ ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ကွန်ဒိုအရေအတွက်နှင့် တန်ဖိုးအဆင့် သတ်မှတ်ချက် တွင် မြန်မာသည် ဒုတိယနေရာသို့ ရောက်ရှိလာပါကြောင်း၊ ၂၀၂၄ ခုနှစ် ဒုတိယ ၃ လပတ်တွင် မြန်မာ နိုင်ငံသားများသို့ ကွန်ဒိုလွှဲပြောင်းမှုသည် ၂၄၆ ခန်းသို့ ကျဆင်းခဲ့ပါကြောင်း၊ အကြောင်းရင်းမှာ မြန်မာ နိုင်ငံ၌ ငွေကြေးလွှဲပြောင်းမှု ပိုမိုတင်းကျပ်ခဲ့မှုကြောင့်သာမက ထိုင်းနိုင်ငံအတွင်း အခြေအနေများ ကြောင့် ဖြစ်ကြောင်း၊ မြေယာဦးစီးဌာနက နိုင်ငံခြား ငွေလဲလှယ်လွှဲပြောင်းမှုနှင့်စပ်လျဉ်း၍ ပိုမိုတင်း ကျပ်ခဲ့ခြင်းကြောင်းဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြား ငွေလဲလှယ်လွှဲပြောင်းမှုတွင် မရှင်းလင်းပါက ငွေလွှဲမှုကို ထိန်းချုပ်သွားမည်ဖြစ် ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံသားများကိုသာမက တရုတ်နိုင်ငံသားများသို့လည်း ဆောင်ရွက်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဒုတိယ ၃ လပတ်တွင် နိုင်ငံခြားသားများသို့ ကွန်ဒိုလွှဲပြောင်းခဲ့မှု သည် ၃,၃၄၂ ခန်း၊ တန်ဖိုးအားဖြင့် ဘတ် ၁၄.၈ ဘီလီယံဖြစ်သဖြင့် ပထမ ၃ လပတ်အတွင်း လွှဲပြောင်း ပေးခဲ့မှုအောက် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News