International News

ထိုင်းနိုင်ငံအတွင်း၌ တရုတ်ထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပညာရှင်များက စိုးရိမ်ပူပန် လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံတွင်း၌ တရုတ်ထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ပြဿနာမကြီးထွားမီ နှင့် ထိုင်းနိုင်ငံ၏ ပို့ကုန်များနှင့်ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုမရှိခင် အရေးပေါ် ဖြေရှင်းရန် အစိုးရသစ်အား တိုက်တွန်းထားကြောင်း သိရှိရပါသည်။

ထိုင်းနှင့်တရုတ်တို့သည် နှစ်ဖက်အကျိုးရှိသော ကုန်သွယ်ရေးပုံစံကို ပူးပေါင်းဖန်တီးသင့်ကြောင်း၊ ထိုင်းနိုင်ငံတွင် တရုတ်ကြက်ကြော်အမှတ်တံဆိပ်တစ်ခု ဆိုင်ခွဲအဖြစ် ဖွင့်လှစ်ခဲ့ခြင်းမှစ၍ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်လာပါကြောင်း၊ ထိုင်းနိုင်ငံတွင် ဂျပန်နှင့် ကိုရီးယား စားသောက်ဆိုင် အများအပြားရှိပြီး တရုတ်ကြက်ကြော်ဆိုင်မှာ အနည်းငယ်သာရှိသေးပါကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံ မှုနှင့် ကုန်သွယ်ရေးအပေါ် အလျင်အမြန်မဖြေရှင်းပါက ထိုင်းနိုင်ငံ၏ ပို့ကုန်နှင့် ခရီးသွားလုပ်ငန်းကို အနုတ်လက္ခဏာသက်ရောက်မှုရှိနိုင်သည့် တရုတ်နှင့် ကုန်သွယ်ရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာနိုင်ကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်ကုန်ပစ္စည်းများ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းသည် ပြည်တွင်းလုပ်ငန်းရှင်များကို သက်ရောက်မှုရှိစေပါကြောင်း၊ တရုတ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အကျိုးကျေးဇူးများနှင့် အားနည်းချက်များ ရှိပါကြောင်း Panyapiwat Institute of Management နှင့် တရုတ်နှင့် အမေရိကန်စီးပွားရေး ပညာရှင် Mr. Sompop Manarungsan က သုံးသပ်ပြောကြားခဲ့ပါသည်။

တရုတ်နှင့် ထိုင်းအစိုးရတို့သည် အချင်းချင်း အကြံဉာဏ်ရယူရန်နှင့် နားလည်ကြရန် လိုအပ်ပါ ကြောင်း၊ နှစ်ဖက်အကျိုးရှိသော ကုန်သွယ်ရေးပုံစံကို ရှာဖွေခြင်းဖြင့် ပြဿနာကို ဆောလျင်စွာ ဖြေ ရှင်းရန် လိုအပ်ပါကြောင်း၊ ဥပမာအားဖြင့် တရုတ်သည် ထိုင်းနိုင်ငံ၌ လက်ကားရောင်းချသူ ဖြစ်လာ ပါက ပြည်တွင်းလုပ်ငန်းများကို ယှဉ်ပြိုင်မည့် လက်လီဈေးကွက်အတွင်း ဝင်ရောက်ခြင်းကို ရှောင်ရှား သင့်ကြောင်း၊ ထိုင်းသည် တရုတ်နှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ နှစ်စဉ်ဖြစ်ပေါ် လျက်ရှိကြောင်း၊ အများစုမှာ ကုန်ကြမ်းများတင်သွင်း ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းရှိ မော်တော် ကားကဏ္ဍနှင့် တရုတ်လျှပ်စစ်မော်တော်ကား ကုမ္ပဏီများ၏ ယှဉ်ပြိုင်မှုကို လေ့လာကြည့်ပါက လျှပ်စစ်မော်တော်ကားနှင့် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင် မော်တော်ကားများသည် တူညီသော ဈေးကွက် တွင် တိုက်ရိုက်ယှဉ်ပြိုင်မှုမရှိပါကြောင်း၊ လျှပ်စစ်မော်တော်ကား၏ ဈေးကွက်မျှဝေမှုသည် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင် မော်တော်ကားများထက် နည်းနေသေးပါကြောင်း ၎င်းက ဖြည့်စွက် ထောက်ပြ ထားပါသည်။

ထိုင်းအစိုးရအနေဖြင့် အခြားသော နိုင်ငံများ၏ အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင် မော်တော်ကား များကို ထိခိုက်မှုနည်းနည်းဖြင့် လျှပ်စစ်မော်တော်ကားဈေးကွက်ကို မြှင့်တင်ရန် အထောက်အပံ့ပေး သည့် ပုံစံများကို လေ့လာသင့်ပါကြောင်း၊ ထိုင်းအစိုးရက လျှပ်စစ်မော်တော်ကား ၁ စီးလျှင် ဘတ် ၁၀၀,၀၀၀ အထောက်အပံ့ပေးနေချိန်၌ တရုတ်အစိုးရက ၎င်း၏ ထောက်ပံ့မှုပမာဏ ကို ၁ စီးလျှင် ယခင် ယွမ် ၁၀,၀၀၀ မှ ယွမ် ၂၀,၀၀၀ (ဘတ် ၄၈,၁၀၇ မှ ဘတ် ၉၆,၂၁၄) သို့ တဖြည်းဖြည်း တိုးမြှင့် ပေးခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများက တရုတ်အပေါ် ကုန်သွယ်ရေး အတားအဆီးများ သတ်မှတ်ခဲ့သဖြင့် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ဥရောပနိုင်ငံများသို့ တရုတ်ပို့ကုန်များ နှစ်စဉ် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့သဖြင့် ဈေးကွက်ပြောင်းလဲနေသည့် ကာလဖြစ်ပါကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

တရုတ်သည် ၎င်း၏ ထုတ်လုပ်မှုပမာဏကို မလျှော့ချသေးသဖြင့် ကုန်စည်ပိုလျှံမှု ဖြစ်ပေါ်လျက်ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တရုတ်ပစ္စည်းများ စီးဝင်မှုကို ဖြစ်စေပါကြောင်း၊ အနာဂတ်တွင် တရုတ်သည် ၎င်း၏ ထုတ်လုပ်မှုပမာဏကို လျှော့ချသင့်ပြီး ထုတ်လုပ်မှုအခြေစိုက်များကို ပြန်လည် နေရာချသင့်ကြောင်း၊ ပြောင်းလဲနေသည့်ကာလအတွင်း ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုဖြင့် လုပ်ငန်းစဉ် ကို သေချာစွာ ကိုင်တွယ်ရန် လိုအပ်မည်ဖြစ်ကြောင်း Mr. Sompop က အကြံပြုထားပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News