International News

၂၀၂၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဘတ် ၂ ထရီလီယံသို့ ရောက်ရှိနိုင်ရေး စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှော်မှန်းထား

Last Updated:

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း စထောင်စစ်ဆေးရေးဂိတ်မှ ပို့ကုန်တန်ဖိုး ၁၀.၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သဖြင့် ၂၀၂၇ ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးမှ ဘတ် ၂ ထရီလီယံ ရရှိရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှော်မှန်းထားကြောင်း သိရှိရပါသည်။

မျှော်မှန်းထားချက်အတိုင်း ပြည့်မီနိုင်ရေးအတွက် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး မဟာ ဗျူဟာ ၂၀၂၄-၂၀၂၇ အောက်မှ နယ်စပ်ကုန်သွယ်ရေးနှင့် တစ်ဆင့်ခံကုန်သွယ်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ကတိပြုလိုပါကြောင်း၊ နိုင်ငံခြားကုန်သွယ်‌ရေး ဦးစီးဌာနမှ အရာရှိများသည် မလေးရှားနှင့် နယ်စပ်ကုန်သွယ်ရေး အခြေအနေများအပေါ် စောင့်ကြည့်ရန် စထောင်နှင့် ပဒန်းဘဲစာ အကောက်ခွန်စစ်ဆေးရေးဂိတ်များသို့ သွားရောက်ခဲ့ကြပါကြောင်း၊ ဆုန်ခလာသည် နိုင်ငံ၏ အထူးစီး ပွားရေးဇုန် ၁၀ ခုထဲမှ တစ်ခုဖြစ်ပြီး ပြုပြင်ပြီးရာဘာ၊ ပင်လယ်စာနှင့် အီလက်ထရောနစ်ကဏ္ဍများ၏ အရေးပါသော ထုတ်လုပ်မှုအခြေစိုက်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဒေသအားလုံးသို့ ချိတ်ဆက်ထားသည့် အခြေခံအဆောက်အဦများရှိသောကြောင့် ထိုင်းထုတ်ကုန်များနှင့် ခရီးသွားလုပ်ငန်းအတွက် ဝင်ပေါက် ဖြစ်သော ပြည်နယ်တစ်ခုဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Jittima Srithaporn က ပြောကြားခဲ့ပါသည်။

ဆုန်ခလာသည် အင်ဒိုနီးရှားနှင့် နီးစပ်ပြီး မလေးရှားနှင့် နယ်စပ်ဒေသတစ်ခုဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံတွင် အရေးကြီးသော စီးပွားရေး အချက်အချာတစ်ခု ဖြစ်သောကြောင့် အင်ဒိုနီးရှား-မလေးရှား-ထိုင်း သုံးပွင့်ဆိုင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ကဲ့သို့သော စီမံကိန်းများစွာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း စထောင် နှင့် ပဒန်းဘဲစာ အကောက်ခွန်စစ်ဆေးရေးဂိတ်များ၏ နယ်စပ်ကုန်သွယ်မှု တန်ဖိုးသည် ဘတ် ၅၆၉ ဘီလီယံရှိခဲ့သည်ဟု ခရီးစဉ် သွားရောက်နေစဉ်ကာလအတွင်း အသိပေးပြောကြားခဲ့ကြောင်း၊ နယ်စပ် ဖြတ်ကျော်နှင့် တစ်ဆင့်ခံကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် One-stop service(OSS) စင်တာများ တည်ထောင်နေမှုများကို စောင့်ကြည့်လျက်ရှိကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ချင်းရိုင်၊ တာ့ခ်၊ နောင်ခိုင်၊ နခွန်ဖနွန်၊ မုထဟန်၊ တာရက်၊ ဥဒုံဌာနီနှင့် ဆုန်ခလာတို့အပါအဝင် နေရာ ၁၀ ခုတွင် နယ်စပ်ကုန်သွယ်မှုတန်ဖိုး မြှင့်တင်နိုင်ခဲ့သည့် OSS စင်တာများ တည်ထောင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်တွင် မလေးရှားနှင့် နယ်စပ်ကုန်သွယ်မှုသည် ဘတ် ၂၉၇ ဘီလီယံ ရှိခဲ့ပြီး ၁.၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါကြောင်း၊ ပို့ကုန် တန်ဖိုးသည် ဘတ် ၁၇၂ ဘီလီယံနှင့် သွင်းကုန်သည် ဘတ် ၁၂၅ ဘီလီယံရှိသဖြင့် ကုန်သွယ်မှုပိုငွေ ဘတ် ၄၇ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ စထောင်စစ်ဆေးဂိတ်မှတစ်ဆင့် နယ်စပ်ကုန်သွယ်မှုနှင့် တစ်ဆင့်ခံကုန်သွယ်မှုသည် ဘတ် ၂၁၄ ဘီလီ ယံ ရှိခဲ့ပြီး ၃.၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ပို့ကုန်တန်ဖိုးသည် ဘတ် ၁၁၃ ဘီလီယံနှင့် သွင်းကုန် တန်ဖိုးသည် ဘတ် ၁၀၂ ဘီလီယံ ရှိသဖြင့် ကုန်သွယ်မှု ပိုငွေ ဘတ် ၁၁ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါ‌ကြောင်း၊ အဓိက ပို့ကုန်များမှာ Concentrated latex၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆားကစ်စ် ပြားများ၊ Hard Disk Drive များ၊ ပြုပြင်ပြီးသစ်သား၊  လျှပ်စစ် Switchboard နှင့် ထိန်းချုပ်ပစ္စည်းများ၊ အထပ်သား၊ ရာဘာလက်အိတ်များ၊ နည်းပညာဖြင့် အထူးပြုထားသော ရာဘာနှင့် အခြားရာဘာထုတ် ကုန်များဖြစ်ကြောင်း သိရှိရပါသည်။

ပဒန်းဘဲစာ အကောက်ခွန်စစ်ဆေးရေးဂိတ်မှတစ်ဆင့် နယ်စပ်ကုန်သွယ်မှုနှင့် တစ်ဆင့်ခံကုန် သွယ်မှုသည် ဘတ် ၇၉ ဘီလီယံ ရှိခဲ့ပြီး ၁၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ပို့ကုန်တန်ဖိုးသည် ဘတ် ၅၆ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးသည် ဘတ် ၂၃ ဘီလီယံ ရှိသဖြင့် ကုန်သွယ်မှု ပိုငွေ ဘတ် ၃၃ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါ‌ကြောင်း၊ အဓိက ပို့ကုန်များမှာ နည်းပညာဖြင့် အထူးပြုထားသော ရာဘာ၊ ပြုပြင် ပြီးသစ်သား၊ မီးမြှိုက်ထားသော ရာဘာပြားများ (အဆင့် ၃)၊ အခြားရာဘာထုတ်ကုန်များ၊ လျှပ်စစ်ဆား ကစ်စ်ပြားများ၊ Hard Disk Drive များ၊ အရည်နှင့် အငွေ့များအတွက် စစ်ထုတ်၊ သန့်စင်သည့် ယန္တရား များ ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Category: International News