International News

အီသီယိုးပီးယားနိုင်ငံမှ နိုင်ငံခြားငွေပေးချေမှုမရှိဘဲ ကုန်ပစ္စည်းများတင်သွင်းမှုကို ခွင့်ပြု

Last Updated:

အီသီယိုပီးယားနိုင်ငံအစိုးရသည် ဓါတ်ဆီကားများနှင့် လုံခြုံရေးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ငွေပေးချေရန် မလိုအပ်ဘဲ တင်သွင်းခွင့်ပြုမည်ဟု ကြေညာထားသည်။ ၎င်းအား France Valuta စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။ အီသီယိုးပီးယားနိုင်ငံရှိ Franco Valuta စနစ်သည် ဘဏ်စနစ်မှတစ်ဆင့် နိုင်ငံခြားငွေလွှဲပြောင်းမှုများကို  အမှီမပြုဘဲ တင်သွင်းသူများအား ကုန်ပစ္စည်းများကို သယ်ဆောင်လာနိုင်စေမည်ဖြစ်သည်။ ဤစနစ်သည် စီးပွားရေးလုပ်ငန်းများ၏ သွင်းကုန်များအတွက် ၎င်းတို့၏ကိုယ်ပိုင်နိုင်ငံခြားအပ်ငွေများကို အသုံးပြုခွင့်ပေးခြင်းဖြင့် နိုင်ငံခြားငွေပြတ်လပ်မှုကိုဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။

အထူးသဖြင့် အစားအသောက်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကဲ့သို့ မရှိမဖြစ်လိုအပ်သောကုန်ပစ္စည်းများ ကျယ်ပြန့်စွာပါဝင်နိုင်ရန် အာဏာပိုင်များသည် နှစ်များတစ်လျှောက် စနစ်တစ်ခုကို အဆင့်မြှင့်တင်ခဲ့သည်။ ဤနည်းလမ်းသည် ကုန်သွယ်မှုကိုလွယ်ကူချောမွေ့စေပြီး တင်သွင်းသူများအပေါ် နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကိုလည်း သက်သာလျော့နည်းစေမည်ဖြစ်သည်။

သို့သော် တချို့သောဝေဖန်သူများက အဆိုပါစနစ်သည် France Valuta လိုင်စင်များနှင့်ချိတ်ဆက်ထားသော အခွန်ကင်းလွတ်ခွင့်များကြောင့် အပြိုင်ငွေကြေးဈေးကွက်ကို ဖောင်းပွစေကာ အစိုးရအကောက်ခွန်ဝင်ငွေကိုလည်း ကန့်သတ်နိုင်သည်ဟုဝေဖန်ကြသည်။ အီသီယိုးပီးယား ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဤမူဝါဒသစ်နှင့်ပတ်သက်၍ အကောက်ခွန်ကော်မရှင်နှင့် အခြားသက်ဆိုင်ရာအာဏာပိုင်များထံသို့ ညွှန်ကြားချက်များထုတ်ပြန်ခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံခြားငွေအလွန်အကျွံစီးထွက်ခြင်းမှ ကာကွယ်ရန်အတွက် တချို့သောကုန်ပစ္စည်းများ နိုင်ငံအတွင်းသို့ဝင်ရောက်မှုကို ကန့်သတ်ရန်ဖြစ်သည်။

ဤဖွံ့ဖြိုးတိုးတက်မှုသည် အီသီယိုးပီးယားအစိုးရ၏ မကြာသေးမီက လက်ခံကျင့်သုံးခဲ့သော မက်ခရိုစီးပွားရေးမူဝါဒပြုပြင်ပြောင်းလဲမှုအခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သတိပြုရန် အရေးကြီးပေသည်။ ဤပြုပြင်ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အီသီယိုးပီးယားအမျိုးသားဘဏ်သည် နိုင်ငံခြားငွေတန်ဖိုးကို ဈေးကွက်အား ဆုံးဖြတ်ခွင့်ပေးရန် စီစဉ်ခဲ့သည်။

Source: myviewsonnews

Source: https://www.doca.gov.mm

Category: International News