Local News

ယခုနှစ် နှစ်လတွင်းတရုတ်သို့ တစ်သျှူးငှက်ပျောတန်ချိန် တစ်သိန်းလေးသောင်းကျော် တင်ပို့ထား

Last Updated:
        မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ယခုနှစ်နှစ်လအတွင်း တစ်သျှူးငှက်ပျောတန်ချိန် တစ်သိန်းလေးသောင်းကျော် တင်ပို့ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီနှစ်လတာအတွင်း ကံပိုင်တည်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်သျှူး ငှက်ပျောတန်ချိန်(၁၄၁,၂၀၀) ကျော်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်းဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။
       မြန်မာနိုင်ငံမှာ တစ်သျှူးငှက်ပျောကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက “ဘိန်းအစားထိုးသီးနှံ” အဖြစ် ကချင် ပြည်နယ်အတွင်းမှာ စတင်စိုက်ပျိုးခဲ့တာဖြစ်ပြီး နယ်စပ်လမ်းကြောင်းကနေ တရုတ်နိုင်ငံအတွင်းကို တင်ပို့နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့မှုအနေနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတန်ချိန် ၈၈၇၅၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၈၃၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၉၀၁၂၆ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၅၉ ဒသမ ၈၆၃ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂၈၆၇၇၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၄၃၃ သန်း၊ ၂၀၁၈ ခုနှစ် Mini Budget မှာ တန်ချိန် ၂၄၄၁၉၆တန် ၊ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၄၄၂ သန်းနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ တန်ချိန် ၇၃၇၅၀၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၉ ဒသမ ၂၂၃ သန်း တင်ပို့ထားတယ်လို့ သိရပါတယ်။ ထို့အတူ ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို တစ်သျှူးငှက်ပျောတင်ပို့မှုဟာ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကာလမှာ ၇၃၃,၄၉၄ တန်ချိန် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၇၇၀ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

 

Category: Local News