Announcements

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲနေပြည်တော်တွင် ကျင်းပမည်

Last Updated:

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ( ၂ )တွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ( ၄ )ရက်ကြာ ကျင်းပ ပြုလုပ် မည်ဖြစ်ပါသည်။ အဆိုပါပြပွဲသို့ တရုတ်နိုင်ငံမှအစိုးရနှင့်ပုဂ္ဂလိကကုန်သည်လုပ်ငန်းရှင် (၁၅၀)ကျော် လာရောက် မည်ဖြစ်ပြီး ကော်ဖီနှင့် လက်ဖက်ခြောက်၊ မက္ကဒေးမီးယား၊ အသင့်စား စားသောက်ကုန်များ၊ ဆိုလာစွမ်းအင်ပစ္စည်း များ၊ လျှပ်စစ်ပစ္စည်များ၊ မီးဖိုချောင်သုံးနှင့် အခြားလူ့အသုံးဆောင်ပစ္စည်းများအား ပါဝင်ပြသမည် ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်စည်ပြပွဲတွင် မြန်မာပြခန်း(၆၀)၌ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ(MSMEs) အပါအဝင် မြန်မာကုန်သည်လုပ်ငန်းရှင်များ၊ ကုန်သည်အသင်းအဖွဲ့များမှ  တရုတ်နိုင်ငံသို့တင်ပို့ရန် အလားအလာ ရှိသည့် မြန်မာ့ထုတ်ကုန်များ ပါဝင်ပြသမည်ဖြစ်ပါသည်။ အဆိုပါကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသောကုန်သည် လုပ်ငန်းရှင် များအနေဖြင့် ပြခန်း(၁)ခန်းငှားရမ်းခအတွက် ကျပ်(၅)သိန်းကျသင့်မည်ဖြစ်ပြီး  ပြခန်းများအား Online registration ဦးရာလူစနစ်ဖြင့် ငှားရမ်းခွင့်ပြုသွားမည်ဖြစ်ပါသည်။

ပြပွဲသို့ပါဝင်ပြသလိုသည့် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းစာမျက်ရှိ https://forms.gle/nAdM4eTASGWnKLxM7 တွင် မှတ်ပုံတင်စာရင်းဖြည့်သွင်းခြင်း ဆောင်ရွက်ပါရန်နှင့်  ပြပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် -

              စဉ်          ဌာနအမည်                                           ဖုန်းနံပါတ်

              (က)        မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့              ၀၆၇-၄၀၈၆၂၂၊

                             ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ                      ၀၆၇-၄၀၈၆၂၃

                             (နေပြည်တော်)

              ( ခ )        မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှု          ၀၁-၃၇၇၁၀၁

                             ဗဟိုဌာန(ရန်ကုန်)                                  ၀၁-၃၈၅၃၂၃

Category: Announcements