Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၂ - ၅ -၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

      မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (2-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(0.822)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (3.231) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (4.053) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

        အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီးခြောက်(အညှာမပါ) (၁၂၉.၀၉၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၇၆)သန်း၊ သရက်သီး (၃၅၉.၁၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၅၂) သန်း၊ ကြက်သွန်နီ (၄၈၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၉) သန်း၊ ငါးရှဉ့် (၂၄.၆၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၉) သန်း၊ သီဟိုဠ်စေ့ (၁၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၁) သန်း၊ ကဏန်း (၁၄.၃၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၁) သန်း၊ ချဉ်ပေါင်ဖာလာ (၂၀.၆၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၈) သန်း၊ ချင်းခြောက် (၂၁.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁) သန်း၊ နေလဲစေ့ (၂၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ဖရဲသီး (၁၁၁.၅၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းတို့ဖြစ်သည်။

      အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန်ဒေါ်လာ (၀.၅၆၂) သန်း၊ ဆိုလာပြား တန်ဖိုးကန်ဒေါ်လာ (၀.၂၆၂) သန်း၊ စတီးပြားတန်ဖိုး ကန်ဒေါ်လာ (၀.၀၈၂) သန်း၊ ဘက္ထရီတန်ဖိုး ကန်ဒေါ်လာ (၀.၀၆၉) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀) သန်း၊ သံချောင်း တန်ဖိုးကန်ဒေါ်လာ (၀.၀၄၆) သန်း၊ မီးစက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁) သန်း၊ ဟင်းချိုမှုန့်  တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄)   သန်း၊   ဆိုလာ အင်ဗာတာ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉) သန်း၊ ကြွေဇလုံတန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉) သန်းတို့ ဖြစ်သည်။

       ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၂) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂.၄၉၄) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၆.၄၁၃) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၈.၉၀၇) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၃၀၅.1525) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရ သည်။

Source: https://www.commerce.gov.mm
 

Category: Local News