Local News

မြိတ်ဒေသတွင်ကုန်သွယ်မှုလုပ်ငန်းများ ကောင်းမွန်လျက်ရှိပြီး စက်သုံးဆီများ ပုံမှန်တင်သွင်းလျက်ရှိ

Last Updated:

     မြိတ်ဒေသမှ မှတစ်ဖက်ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ် ၊ မေလ (၁) ရက်နေ့မှ (၃) ရက်နေ့အတွင်း အကောက်ခွန်သက်သာခွန့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံ လက်မှတ် Form E အကျိုးခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းပရာကျွတ်ကရီခမ်မှတစ်ဆင့် မလေးရှားသို့ ရော်ဘာ (၂၆၀၄.၈၀) တန်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းဒေါ်လာသန်း (၀.၉၄၁) ဒေါ်လာသန်းခန့်တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။

       တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်ဒေသအတွင် သုံးစွဲလျက်ရှိသည့် စက်သုံးဆီများအား ထိုင်းနိုင်ငံမှတင်သွင်းသုံးစွဲလျက်ရှိရာ မေလ (၁) ရက်နေ့မှ (၃) ရက်နေ့ အတွင်း ဒီဇယ်ဆီ (၆၀၀) တန်နှင့်ဓာတ်ဆီ (၄၀၀.၀၀) တန် တင်သွင်းနိုင်ခဲ့ပြီး စုစုပေါင်းတန်ဖိုး (၀.၉၀၇) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။ မြိတ်ဒေသတွင်း ဓာတ်ဆီတစ်လီတာ (၂၃၁၈) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၂၄၃၁) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ ဘတ်ငွေ လဲနှုန်း မှာ (၁) ဘတ်လျှင် (၈၄.၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရှိရသည်။

Source: https://www.commerce.gov.mm
 

Category: Local News