International News

အိန္ဒိယနဲ့ ပြည်တွင်းဈေးကွက်မှာ မတ်ပဲဈေးနှုန်းအလားအလာကို ဘယ်လိုခန့်မှန်းထားကြသလဲ

Last Updated:

     အိန္ဒိယဘက်က ဈေးကွက်သတင်းတွေအရ ဒီတစ်ပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မတ်ပဲ၊ ပဲစင်းငုံတွေရဲ့ ဈေးနှုန်းအလားအလာ ခန့်မှန်းချက်ကို သတင်းရရှိသလောက် ဘာသာပြန်ဆို စုစည်းဖော်ပြလိုက်ပါတယ်။ မတ်ပဲ ဒီအပတ်မှာ အိန္ဒိယက မတ်ပဲဈေးနှုန်းဟာ မြန်မာဘက်ကနေ အရောင်းဖွင့်တဲ့ CNF ပေါက်ဈေးနဲ့ အဲဒီက ပဲခွဲစက်တွေရဲ့ ဝယ်လိုအားပေါ် မူတည်ပြီး ဈေးအပြောင်းအလဲ ဖြစ်ပေါ်နိုင်တယ်လို့ တွက်ဆထားပါတယ်။

     အရင် သီတင်းပတ်ကတော့ မတ်ပဲဈေးနှုန်းဟာ ဝယ်လိုအားရှိသလောက် အရောင်းမရှိတဲ့အခြေအနေကြောင့် တက်ရိပ်ဖြစ်ဖို့ မျှော်မှန်းခဲ့ပေမဲ့ ထိန်းဝယ်တာတွေကြောင့်လည်း ဈေးအတက်အကျ သိပ်မပြောင်းခဲ့ဘူးလို့ သိရပါတယ်။ ပြည်တွင်းမှာလည်း မတ်ပဲ FAQ ဈေးတန်းဟာ တစ်တန်ကို ကျပ် ၁၈ သိန်းခွဲနဲ့ ၁၉ သိန်းကြားမှာ အတက်အကျ ဖြစ်ပေါ်နေပြီး ဝယ်လိုအားနဲ့ ရောင်းလိုအား နှစ်ဖက်စလုံးက အားပြိုင်နေတယ်လို့ သုံးသပ်ရပါတယ်။ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက် သုံးသပ်ချက်တစ်ခုမှာ အဲဒီက မြန်မာမတ်ပဲဈေးနှုန်းဟာ တစ်ကွမ်တယ် (၁၀၀ ကီလိုဂရမ်) ကို ၈၀၀၀ ရူပီးအထိ ဆက်တက်နိုင်တယ်လို့ ဆိုထားပြီး အဲဒီဈေးတန်းက အမြင့်ဆုံး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

     မြန်မာပြည်တွင်းမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မတ်ပဲဈေးဟာ ပွင့်လင်းရာသီ ၁၀ လပိုင်းလောက်မှဖြစ်နေကျ အမြင့်ဈေးမျိုးဖြစ်ပြီး လတ်တလောမှာ လှောင်လက်တွေကြောင့်သာ တက်ဈေးဖြစ်နေကြောင်းနဲ့ လက်ရှိပေါက်ဈေးမှာ အမြတ်ယူပြီး ပိုင်းသင့်ကြောင်း အကြံပြုတာတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ တဖက်မှာ ပြည်တွင်းမတ်ပဲ အထွက်နည်းနိုင်တာနဲ့ သွင်းအားစုစရိတ် ကြီးမြင့်နေတာတွေကြောင့် မတ်ပဲဈေးကို ဆက်လက်အတက်မှန်းထားသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ရောင်းလက်နဲ့ ဝယ်လက်ကြား အားပြိုင်မှုအရ တချို့က မတ်ပဲ Raw ဈေးဟာ ကျပ် ၁၈၀၀၀၀ အောက်ထိ မကျဘူးလို့ ယူဆထားပြီး အမြင့်ရောက်မယ် ဆိုရင်လည်း ၁၉၀၀၀၀ ကျပ်ကိုတော့ လွယ်လွယ်နဲ့ မရောက်နိုင်သေးဘူးလို့ ဆိုထားပါတယ်။ လေ့လာသိရှိရသလောက်ကို သိထားတဲ့အချက်တွေနဲ့ ပေါင်းစပ်တင်ပြရခြင်း ဖြစ်ပါတယ်။

Current Content

 

Category: International News