Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၇-၂-၂၀၂၃ မှ ၃-၃-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ အခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၁၉၀၅၀၀၀၊ မတ်ပဲ SQ/RC (2022 Crop)ကျပ် ၂၁၂၅၀၀၀ နှင့် ပဲစဉ်းငုံ Red/RC (2022 Crop)ကျပ် ၂၁၈၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၅၄၀၀၀၊ မတ်ပဲ SQ/RC (2022 Crop)ကျပ် ၅၄၀၀၀ နှင့် ပဲစဉ်းငုံ Red/RC (2022 Crop)ကျပ် ၃၇၅၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၃၅ လုံး (တန်ချိန် ၈၄၀)နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၆၀ လုံး (တန်ချိန် ၁၄၄၀) စုစုပေါင်းကွန်တိန်နာ ၉၅ လုံး (တန်ချိန် ၂၂၈၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC  (2022 Crop) ကွန်တိန်နာ ၁၀၀ လုံး (တန်ချိန် ၂၄၀၀) နှင့် မတ်ပဲ SQ/RC  (2022 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) စုစုပေါင်းကွန်တိန်နာ ၁၀၅ လုံး (တန်ချိန် ၂၅၂၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ပိုမိုဝင်ရောက်ခဲ့ ကြောင်း သိရသည်။

ငရုတ်

       ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုပ်သီး (တစ်ပိဿာ)ဈေးနှုန်းများမှာ မြှားနီ ကျပ် ၁၁၅၀၀၊ ပန်းရဲငရုပ်(သစ်) AC ကျပ် ၁၁၅၀၀၊ မိုးထောင်(ဒီမွန်)ကျပ် ၁၃၀၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၄၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြှားနီကျပ် ၁၀၀၀၊ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုပ်ဈေးများငြိမ်လျက်ရှိသည်။ ယခင်အပတ်ကကုန်စည်ဒိုင် သို့ ငရုပ်ရှည်အိတ်ပေါင်း ၉၅၀၀ (၁၉၀၀၀၀ ပိဿာ)နှင့် ငရုပ်ပုအိတ်ပေါင်း ၅၅၀ (၈၂၅၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုပ်ရှည်အိတ်ပေါင်း ၇၅၀၀ (၁၅၀၀၀၀ ပိဿာ)နှင့် ငရုပ်ပု အိတ်ပေါင်း ၇၀၀ (၁၀၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သဖြင့် ငရုပ်ရှည်အိတ်ပေါင်း ၂၀၀၀ (၄၀၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုပ်ပုအိတ်ပေါင်း ၁၅၀ (၂၂၅၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ ကြောင်း သိရသည်။

မန်ကျည်း

            ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ)ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ်(သစ်) ကျပ် ၁၉၀၀၊ မန်ကျည်းအသား(သစ်) ကျပ် ၃၀၀၀ နှင့် ရမည်းသင်းဒါးဇင်း(သစ်) ကျပ် ၁၈၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းအသား(သစ်)ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

 

         ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၂၆၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၂၈၅၀၊ ပခုက္ကူကြမ်းကျပ် ၃၀၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၆၅၀၊ ကြံသကာ(စစ်) ကျပ် ၂၇၀၀ နှင့် သကြား(ပြည်တွင်း)ကျပ် ၃၀၈၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ညောင်ဦး ဆေးရှယ် (ထန်း) ကျပ် ၅၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။

 

 

                                                                                                                                                                                               SSMaw (Domestic (Ygn) MITC

Category: Local News