Local News

လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

      ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၃ ရက် နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၈၈၉၃၄၃၅.၂၃ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၈၇၈၉၄၉.၈၄ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။
     တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပဲယင်း၊ မြေထောက်ပဲ၊ ဆန်၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်းနက်၊ ကြိမ်၊ ငရုတ်သီး၊ ဖရဲသီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၄၁၄၃၂၄၀.၂၃ ကန်ဒေါ်လာဖြစ်ပြီး၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ ငွေပမာဏတန်ဖိုးမှာ ၄၇၅၀၁၉၅.၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
     သွင်းကုန်ပစ္စည်းများမှာ စက်နှင့်စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ကုန်ထုတ်စက္ကူများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓါတုဗေဒ မီးချောင်းများ၊  သံပိုက်၊ မြက်ခင်းတုနှင့် Empty Cargo Containner 45’ Feet များ တင်သွင်းမှု ရှိခဲ့ပါသည်။ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၀၇၆၉၃ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၆၇၁၂၅၆.၈၄ တင်သွင်းမှု ရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၂ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၁.၂၀ ကျပ် ရှိကြောင်းသိရှိရပါသည်။

                                                                                                                                                                                             

                                                                                                                                                                                       မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News