Local News

မန္တလေးကုန်စည်ဒိုင်၏ ကုလားပဲဈေးနှုန်း‌မြင့်တက်လာ

Last Updated:

     ဖေဖော်ဝါရီလ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်း အဝယ်ဖြစ်လျက်ရှိရာ ကုလားပဲအုပ်စုအနေဖြင့် ပြည်တွင်းသုံးစွဲမှုမြင့်မားလာကာ၊ ပြည်ပပို့ကုန် သမားများ ဝယ်ယူနေခြင်း၊ ပြည်တွင်းပဲခွဲစက်များ အဝယ်လိုက်နေခြင်း၊ ပို့ကုန်ပဲများကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူနေသောကြောင့် ဈေးမြင့်လာခြင်းနှင့်အတူ ပြည်တွင်းသုံး ပဲများလည်း ဈေးကောင်းရရှိနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

     ကုလားပဲဖြူလုံးကြီး(V-2) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၈၀၀၀ မှ ယခင်တစ်ပတ်ကျပ် ၁၈၅၀၀၀ မှ ၁၈၆၀၀၀၊ ယခင်လကျပ် ၁၈၄၀၀၀ မှ ၁၈၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မှ ၃၀၀၀၊ ယခင်လထက်ကျပ် ၃၀၀၀ မှ ၄၀၀၀ မြင့် တက်လာသည်။

     ကုလားပဲ(ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၇၇၀၀၀၊ ယခင်လကျပ် ၁၆၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လကျပ် ၁၄၀၀၀ မြင့်တက်လာသည်။

     ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၀၅၀၀၊ ယခင်တစ်ပတ်ကျပ် ၁၈၁၀၀၀၊ ယခင်လကျပ် ၁၇၁၀၀၀ မှ ၁၇၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၈၅၀၀ မှ ၉၅၀၀ မြင့်တက်လာသည်။

     ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၈၅၀၀၀ မှ ၁၈၆၀၀၀၊ ယခင်လကျပ် ၁၈၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၁၀၀၀ နိမ့်ကျလာသည်။

 

 

                                                                                                                                                                                          မြင့်မြင့်လှိုင်

                                                                                                                                                                             ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News