Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ကုလားပဲဖြူလုံးသေး၊ CPပြောင်းဖူးစေ့၊ ပဲတီစိမ်းသေး၊ မတ်ပဲ၊ ကုလားပဲ 929၊ ပဲစဉ်းငုံ၊ ပဲကြီးနှင့် ကုလားပဲဖြူလုံးကြီး သီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားသည်။ ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ပဲစဉ်းငုံ (၆၅၅၀၀)ကျပ်၊ မတ်ပဲ (၆၀၀၀၀-၆၀၅၀၀) ကျပ်နှင့် ပဲတီစိမ်း(သေး) (၄၃၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ် အတွင်းကာလတူ ပေါက်ဈေးနှုန်းများမှာ ပဲစဉ်းငုံတစ်တင်းလျှင် (၆၆၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၁၀၀၀-၆၁၅၀၀)ကျပ် နှင့် ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် (၅၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၅၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်းသေးတစ်တင်းလျှင် (၂၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်းလျှင် (၅၀၀)ကျပ် အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း ပဲကြီးတစ်တင်းလျှင် (၇၅၀၀၀-၇၆၀၀၀)ကျပ် ရှိပြီး ယခင်တစ်ပတ် ကာလတူဈေးနှုန်းများမှာ ပဲကြီးတစ်တင်းလျှင် (၇၁၀၀၀-၈၀၀၀၀)ကျပ်ရှိ၍ ယခု တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲကြီးဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။

     ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(သစ်) တစ်တင်းလျှင်(၆၃၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(သစ်) (၆၂၅၀၀)ကျပ်၊ 929(သစ်) (၆၁၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်အပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(သစ်) တစ်တင်းလျှင် (၆၄၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(သစ်) (၆၄၀၀၀)ကျပ်၊ 929(သစ်) (၆၂၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်အပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929၊ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူ လုံးကြီးဈေးနှုန်းများ အနည်းငယ်ကျဆင်းကြောင်း သိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၂၆၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၂၇၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ ဈေးအနည်းငယ်ကျဆင်းနေကြောင်း သိရပါသည်။   

 

                                                                                                                                                                                          ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News