Local News

မွန်ပြည်နယ် ဆားဈေးကွက်တွင် ယခုလအတွင်း ဆားဈေးနှုန်းအနည်းငယ်ပြန်လည်ကောင်းမွန်လာ

Last Updated:

     မွန်ပြည်နယ် ဆားဈေးကွက်တွင် ယခုလအတွင်း ဆားဈေးနှုန်းအနည်းငယ်ပြန် လည်ကောင်းမွန်မှုရှိလာကြောင်း မွန်ပြည်နယ်   သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။ လက်ရှိတွင် ဆားကြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၅၈ ကျပ်မှ ၁၆၅ ကျပ်အထိရှိပြီး   ဖေဖော်ဝါရီလက တစ်ပိဿာလျှင် ငွေကျပ် ၁၃၃ ကျပ်သာ ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က ဆားကြမ်း တစ်ပိဿာလျှင် ငွေကျပ် ၂၇၀ မှ အမြင့်ဆုံး ငွေကျပ် ၃၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

     ပြီးခဲ့သည့်နှစ် ဆားထုတ်လုပ်မှုရာသီတွင် ရာသီဥတုကောင်းမွန်သည့်အတွက် ဆားကုန်ကြမ်းထွက်ရှိမှုများပြီး ပိုလျှံခဲ့သဖြင့် ဈေးကွက်အတွင်း ရောင်းလိုအားများခဲ့ သော်လည်း ဆားကုန်ကြမ်းအဝယ်လိုက်မှု နည်းသောကြောင့် ဆားဈေးနှုန်းတဖြည်း ဖြည်းကျဆင်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဆားကုန်ကြမ်း အဝယ်ပြန်လိုက်လာသည့်အတွက် ဈေးနှုန်းအနည်းငယ် ပြန်လည် ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။

     မွန်ပြည်နယ်မှထွက်ရှိသည့် ဒေသထွက်ဆားကြမ်းများကို သြဂုတ်လလယ်ပိုင်းမှစပြီး   ဆားထုတ်လုပ်ရန်    ပြင်ဆင်မှုများပြုလုပ်ကာ   ဇန်နဝါရီလမှစတင်၍ ဆားကြမ်းထွက်ရှိပြီး မေလဆန်းပိုင်းအထိ ထုတ်လုပ်လေ့ရှိကြောင်း၊ ဆားချောကို မော်လမြိုင်မြို့နယ်၌ ထုတ်လုပ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

https://myawady.net.mm

Category: Local News