Local News

ဆောင်းသီးနှံစားတော်ပဲစိုက်ခင်းများ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရရှိ

Last Updated:

     မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစားတော်ပဲ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး မတ်လဆန်းမှစတင်ကာ ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း၊ စားတော်ပဲသီးနှံ ပေါ်ဦးပေါ်ဖျားချိန်တွင်တစ်တင်းလျှင် ငွေကျပ် တစ်သိန်းကျော်ဖြင့် ရောင်းချနေရ၍ ဈေးကောင်းရရှိကာတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြု၍ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံရာသီတွင် ဒေသခံတောင်သူများက ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံသီးနှံ၊ အခြားစားဖိုဆောင်သီးနှံမျိုးစုံနှင့်ကျွဲ၊ နွားတိရစ္ဆာန် အစာ နှံစားပြောင်းတို့ကို စီးပွားဖြစ်အားထားစိုက်ပျိုးကြသည်။

     ပဲမျိုးစုံသီးနှံတွင် တစ်ခုအပါအဝင်ဖြစ်သည့် စားတော်ပဲသီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေအဆင်ပြေမှုနှင့် ပိုးမွှားရောဂါ ကျရောက်မှု မရှိခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းကာ သီးနှံအထွက်နှုန်းများ ကောင်းမွန်ပြီး ဈေးကောင်းရရှိကြောင်း သိရသည်။     

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://myawady.net.mm

Category: Local News