Local News

ယခုဘဏ္ဍာနှစ် ၁၁ လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် သိန်း ၂၀ ကျော် တင်ပို့ထား

Last Updated:

     ယခုဘဏ္ဍာနှစ်   ၁၁   လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန် ဒေါ်လာ  ၇၈၃  သန်းတန်ဖိုးရှိ  ဆန်နှင့်ဆန်ကွဲတန်ချိန်  သိန်း ၂၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။ ထိုသို့တင်ပို့ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီလအထိ  ၁၁  လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့  အမေရိကန်ဒေါ်လာ ၇၈၃  သန်းတန်ဖိုးရှိ  ဆန်နှင့်ဆန်ကွဲတန်ချိန်  ၂၀၉၉၆၉၄  တန် တင်ပို့ထားခြင်းဖြစ်သည်။

     ပြည်ပနိုင်ငံများသို့ ၂၀၂၂ ခုနှစ် ဧပြီလက အမေရိကန်ဒေါ်လာ ၈၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၅၀၉၄၇ တန်၊ မေလက အမေရိကန်ဒေါ်လာ ၅၁ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၅၃၅၀၇ တန်၊ ဇွန်လက အမေရိကန်ဒေါ်လာ သန်း ၅၀   တန်ဖိုးရှိ   ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၄၆၀၉၄ တန်၊  ဇူလိုင်လက  အမေရိကန်ဒေါ်လာ ၆၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၈၂၅၅၀၊  သြဂုတ်လက အမေရိကန်ဒေါ်လာ ၅၃ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၅၆၈၉၃ တန်၊ စက်တင်ဘာလက အမေရိကန်ဒေါ်လာ  ၃၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန်  ၉၃၇၉၂  တန်၊  အောက်တိုဘာလက  အမေရိကန်ဒေါ်လာ  ၆၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၃၁၈၉ တန်၊ နိုဝင်ဘာလက အမေရိကန်ဒေါ်လာ  ၁၀၆ သန်းတန်ဖိုးရှိ   ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၆၄၀၃၈ တန်၊  ဒီဇင်ဘာလက အမေရိကန်ဒေါ်လာ သန်း  ၉၀   တန်ဖိုးရှိ    ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၂၈၄၄၅ တန်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက အမေရိကန်ဒေါ်လာ ၁၀၇ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၆၈၈၃၅ တန်နှင့်  ဖေဖော်ဝါရီလက  အမေရိကန်ဒေါ်လာ ၇၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၉၁၄၀၄ တန် တင်ပို့နိုင်ခဲ့သည်။

     ထိုသို့တင်ပို့ရာတွင် ၁၁ လတာကာလအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလသည် ဆန်နှင့်ဆန်ကွဲတန်ချိန်နှင့် ပို့ကုန်ရငွေ အများဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလသည် ဆန်နှင့်ဆန်ကွဲ တန်ချိန်နှင့် ပို့ကုန်ရငွေ ဒုတိယအများဆုံးဖြစ်ကာ ဒီဇင်ဘာလသည် ဆန်နှင့်ဆန်ကွဲတန်ချိန်နှင့်   ပို့ကုန်ရငွေ  တတိယအများဆုံးဖြစ်ကြောင်း သိရသည်။ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် တရုတ်၊ ဖိလစ်ပိုင် စသည့် ဒေသတွင်းနိုင်ငံ များအပြင် ဥရောပနိုင်ငံများသို့လည်း တင်ပို့ကြောင်း သိရသည်။

https://myawady.net.mm

Category: Local News