Local News

မန္တလေး ကြက်သွန်နီ ဈေးကွက်

Last Updated:

     မန္တလေးမြို့တွင်း သီရိမာလာဈေးနှင့် ကိုင်းတန်းဈေးတို့တွင် ကြက်သွန်ပွဲရုံများရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ မန္တလေးတိုင်းကျောက်ဆည်၊ မြစ်သား၊ မြင်းခြံ၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ မြင်းမူ၊ ရွှေဘို၊ ထီးဆောင်း၊ မကွေးတိုင်း ပခုက္ကူတို့မှ အများဆုံးဝင်ရောက်ပါသည်။ မန္တလေးဈေးကွက်အတွင်းမှကြက်သွန်များကို မြို့တွင်းလက်လီဆိုင်များအပြင် မြစ်ကြီးနား၊ လားရှိုး၊ မဘိန်း၊ မိုးကောင်း၊ ဖားကန့်၊ လုံးခင်း၊ စိုင်တောင်၊ တနိုင်း၊ နာမ့်ဖာ၊ မော်လူး၊ ကသာ၊ မိုး ကုတ်၊ မိုးညှင်း၊ တမူး၊ သီပေါ၊ တန့်ယန်း စသောမြို့များသို့ အမှာတင်ပို့မှုရှိပါသည်။ ရံဖန်ရံခါ ရန်ကုန် ပွဲရုံများမှ မန္တလေးပွဲရုံအချင်းချင်း ချိတ်ဆက်မှာယူမှုများ၊ ရံဖန်ရံခါ မူဆယ်သို့ တင်ပို့ရမှုများလည်း ရှိပါသည်။

     ၂၀၂၂ခုနှစ် တနှစ်တာအတွက် ကြက်သွန်ဈေးနှုန်းနှင့်ဝင်ရောက်မှု အမှာတင်ပို့မှုအခြေအနေများကို လေ့လာပါက ဇန်နဝါရီလမှ မတ်လအထိ မြစ်သားကြက်သွန်တစ်ခုထဲသာဝင်ရောက်ပြီး အဝင်များခြင်းကြောင့် ကြက်သွန်နီကြီးတစ်ပိဿာ ၉၀၀ ကျပ်၊ လတ်တစ်ပိဿာ ၈၀၀ ကျပ်၊ သေးတစ်ပိဿာ ၇၀၀ ကျပ်ဈေးရှိပြီး မြစ်ကြီးနား၊ လားရှိုး၊ ဖားကန့်၊ လုံးခင်း၊ စိုင်းတောင်၊ တနိုင်းသို့ တင်ပို့မှုရှိသည်။ ဧပြီ၊ မေ၊ ဇွန်တို့တွင် မြစ်သားအပြင် မုံရွာမှပါဝင်ရောက်ပြီး မြစ်သားကြက်သွန်အဝင်နည်းသွားသဖြင့် ကြီးတစ်ပိဿာ ၁၀၀၀ကျပ်၊ မုံရွာကြက်သွန် ကြီးတစ်ပိဿာ ၈၀၀ ကျပ်ဖြင့် ဗန်းမော်၊ကသာ၊ နမ့်မား၊ မော်လူးသို့တင်ပို့မှုရှိသည်။

     ဇူလိုင်နှင့်ဩဂုတ်လတွင် မုံရွာ၊ ထီးဆောင်း၊ ပခုက္ကူ၊ မြင်းခြံတို့မှဝင်ရောက်ပြီး မိုးကောင်း၊ မိုးညှင်း၊ နမ့်မား၊ တမူး၊ လားရှိုး၊ တန့်ယန်း၊ ရွှေတော၊ မြစ်ကြီးနားသို့တင်ပို့မှုရှိပြီး ကြက်သွန်နီကြီး တစ်ပိသာ ၂၀၀၀ ကျပ်မှ ၂၈၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။ စက်တင်ဘာ၊ အောက်တိုဘာတွင် မုံရွာ၊ ထီးဆောင်း၊ မြင်းခြံ၊ ပခုက္ကူမှလှောင်လက်ထံမှမှာယူရခြင်းကြောင့် ကြီးတစ်ပိဿာ ၃၉၀၀ ကျပ်၊ လတ်တစ်ပိဿာ ၃၅၀၀ ကျပ်၊ သေးတစ်ပိဿာ ၃၀၀၀ ကျပ် အထိဈေးမြင့်လာပြီး မြစ်ကြီးနား၊ လားရှိုး၊မူဆယ်၊ ရွှေတော၊  မိုးမိတ်၊ မဘိန်းသို့တင်ပို့မှုရှိသည်။

     နိုဝင်ဘာလတွင် အစောပိုင်းကာလတွင် လှောင်လက်ထံမှ ဝယ်ယူရခြင်းဖြစ်၍ ကြီးတစ်ပိဿာ ၄၅၀၀ ကျပ်၊ လတ်တစ်ပိဿာ ၄၂၀၀ ကျပ်၊ သေးတစ်ပိဿာ ၃၂၀၀ ကျပ်ဈေးရှိသည်။ နိုဝင်ဘာလလယ်တွင် မြစ်သားမှ အသစ်များဝင်ရောက်လာပြီး အစိုဓာတ်ပါဝင်မှုရှိသဖြင့် ကြီးတစ်ပိဿာ ၄၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

     ဒီဇင်ဘာလတွင် မြစ်သား၊ ကြက်သွန်များအဝင်များလာပြီး ကြက်သွန်နီ(ကြီး)တစ်ပိဿာ ၄၀၀၀ ကျပ်မှ  ကြီးတစ်ပိဿာ ၂၈၀၀ ကျပ်၊ လတ်တစ်ပိဿာ  ၂၄၀၀   ကျပ်၊   သေးတစ်ပိဿာ ၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။  ဒီဇင်ဘာတွင် မြင်းခြံနှင့် ပခုက္ကူပါဝင်ရောက်ပြီး ကြီးတစ်ပိဿာ ၂၇၀၀ ကျပ်ဈေးရှိပြီး မုံရွာကြက်သွန်နီမှာ စိုက်ပျိုးထားဆဲကာလဖြစ်သည်။    

     ယခုလအတွင်းဝင်ရောက်သော ကြက်သွန်နီများမှာ မြစ်သားကြက်သွန်များဖြစ်ပြီး ကြီးတစ်ပိဿာ ၁၈၀၀ ကျပ်၊ လတ်တစ်ပိဿာ ၁၆၀၀ ကျပ်၊ သေးတစ်ပိဿာ ၁၂၀၀ ကျပ်ဖြင့် မြို့တွင်းသုံးလက်လီ အရောင်းဆိုင်များ၊ မြစ်ကြီးနား၊ အင်းတော်၊ ဗန်းမော်၊ မဘိန်း၊ နမ့်ခမ်း၊ တန့်ယန်းမြို့များသို့ တင်ပို့မှု ရှိပြီး မန္တလေးပွဲရုံ အချို့ကို ရန်ကုန်ပွဲရုံများမှ ချိတ်ဆက် မှာယူမှုများရှိသည်။

Source:Market Information Service- DOP- MOALI

https://www.foodindustrydirectory.com.mm

Category: Local News