Local News

ပြည်တွင်းထောပတ်သီးဈေးကွက်တွင် ဒေသမျိုးလက်ကျန်သီးများသာကျန်ရှိတော့ပြီး ဈေးရနေ

Last Updated:
ရွှေမန်း
     ပြည်ပတင်ပို့သည့် ပြည်ပမျိုးဖြစ်သော Hass ထောပတ်သီးနင့် ဒေသမျိုးထောပတ်သီးများမှာ ရာသီချိန်ကုန် ဆုံးသွားပြီဖြစ်၍ ထောပတ်သီးဈေးကွက်တွင် ဒေသမျိုးလက်ကျန် ထောင်ပတ်သီးများအရောင်း အ၀ယ် ဖြစ်နေပြီး ဈေးကောင်းရသည်ဟု မန္တလေးထောပတ်သီးဈေးကွက်မှ သိရသည်။ ထောပတ်သီးတစ်လုံးလျှင် အရွယ်အစားနှင့် အရည်သွေးပေါ်မူတည်၍ ငွေကျပ် ၂၀၀ မှ ၈၀၀ ကျပ်ဝန်းကျင်ဖြင့် လက်လီရောင်းချနေသော်လည်း ဈေးနိမ့်သောအသီးများမှာ ပျက်စီးမှုများပြားသော်လည်း ၀ယ်လိုအားနှင့် အသီးလက်ကျန် နည်းပါးသဖြင့် ဈေးကောင်းရရှိကြောင်း သိရသည်။

     "တကယ်တော့   ထောပတ်သီးရာသီက    တုန်းသွားပြီ။   ဖေဖေါ်ဝရီလဆိုရင်   ဒေသမျိုးလက်ကျန်နည်းနည်း   ပဲရှိတော့တယ်။   ဒေသမျိုးထောပတ်သီးတွေက   ပြည်ပမျိုးဖြစ်တဲ့   Hass ထောပတ်သီး ထက်သုံးပုံ   ၂   ပုံလောက် ဈေးလျော့တယ်။  Hass  တစ်လုံး ငွေကျပ် ၁၅၀၀ ဆိုရင် ဒေသသီးက ၅၀၀ ၀န်းကျင်လောက်ပဲ”ဟု ထောပတ် သီးအသင်းမှ ဦးမျိုးညွန့်ကပြောသည်။ ပြည်တွင်း စားသုံးသူဈေးကွက်တွင် ပြည်ပတင်ပို့သည့် Hass ထောပတ်သီးနှင့် ဒေသမျိုးထောပတ်သီးဟူ၍ရှိပြီး ဒေသမျိုးများမှာ  အရည်အသွေး၊   အရသာနှင့် ဈေးနှုန်းနိမ့်ကျကြောင်း၊ ဒေသ  အသီးများမှာ အေးသည့်ရာသီဥတုရှိသော ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) စသည့်ဒေသများမှ ယခုကဲ့သို့ လက်ကျန်သီးများက မန္တလေး ဈေးကွက်သို့ရောက်ရှိလာသည်ဟုဆိုသည်။

"ဒေသသီးတွေက နိုဝင်ဘာကနေ ဇန်နဝါရီ၊ဖေဖေါ်ဝရီဆိုတာ နောက်ဆုံးပေါ်တာပဲ။ပြင်ဦးလွင်မှာဆိုရင် လက် ကျန်သီး မရှိတော့ဘူး။ခု ဈေးကွက်မှာတွေ့တာက ရှမ်းပြည် (တောင်ပိုင်း) ညောင်ရွှေဘက်က အသီးတွေ ဖြစ် မယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မကွေးဂျာနယ်
 

Category: Local News