Local News

မန္တလေးကုန်စည်ဒိုင်၏ ပဲမာဈေးနှုန်းဆက်တိုက်မြင့်တက်နေ

Last Updated:

     မတ်လ ပထမပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မန္တလေးအနီးတဝိုက်နှင့် နယ်စုံမှ ပဲအသစ်များ လှိုင်လှိုင်ဝင်ရောက်လာပြီး အရောင်းအဝယ်သွက်နေသည့် ကာလဖြစ်ကြောင်း ယခင် နှစ်များက ပဲအသစ်အဝင်များချိန် ဈေးနှုန်းကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိ နေသည်။ ပဲမာလိုင်းများ ပြည်တွင်းအထွက်နှုန်းကျဆင်းခြင်း၊ အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက် မြင့်မားမှုကို အဝယ်ကုန်သည်များ ထိန်းထိန်းသိမ်းသိမ်း ဝယ်နေတာကြောင့်လည်း ပို့ကုန်ပဲများ ယခင်နှစ်ထက် ဈေးမြင့်လာကြောင်း၊  မန္တလေးကုန်စည်ဒိုင် ဈေးကွက်သတင်းများအရ သိရသည်။

     ပဲစဉ်းငုံ(နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၀၆၀၀၀ ဈေးရှိပြီး၊ ယခင်တစ်ပတ်ကျပ် ၂၀၅၀၀၀၊ ယခင်လကျပ် ၁၈၃၀၀၀ မှ ၁၈၃၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၁၀၀၀၊ ယခင်လထက်ကျပ် ၂၂၅၀၀ မှ ၂၃၀၀၀ မြင့်တက်လာသည်။

      မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၈၂၀၀၀၊ ယခင် တစ်ပတ်ကျပ် ၁၈၀၀၀၀ မှ ၁၈၂၀၀၀၊ ယခင်လကျပ် ၁၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀၊ ယခင်လထက်ကျပ် ၇၀၀၀ မြင့်တက်လာသည်။

     မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၇၀၀၀၀ မှ ၂၈၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၆၅၀၀၀ မှ ၂၈၅၀၀၀၊ ယခင်လကျပ် ၂၆၅၀၀၀ မှ ၂၆၇၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၅၀၀၀ မှ ၁၈၀၀၀ မြင့်တက်လာသည်။

 

 

                                                                                                                                                                                                      မြင့်မြင့်လှိုင်

                                                                                                                                                                                            ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News