၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်မှုကုန်ချောအနေဖြင့် ဇီးယိုထုပ်တန်ချိန် ၅၁ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးယိုထုပ်တန်ချိန် ၂၃ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ဇီးယိုထုပ်တန်ချိန်ပိုမို၍ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ဇီးယိုထုပ် တင်ပို့နိုင်မှုငွေပမာဏမှာ ၁၂၇၅၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ကြောင်း သတင်းရရှိပါသည်။
နီလာ
သဇင်မြေကုန်သွယ်မှုဗဟိုဌာန