Local News

သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပဲတီစိမ်းများ စတင်ထွက်ပေါ်

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထွက် ပဲတီစိမ်းများ စတင်ထွက်ပေါ်နေကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်း စိုက်ဧက(၁၂၉၉၉၅)ဧကဖြစ်ပြီး ဇန်နဝါရီလ (တတိယပတ်)မှစ၍ ဘုရားကြီးကျေးရွာ၊ ကတုံးပေါ်၊ ဝင်းကြီး၊ နံယော၊ ရေပေါ်ကန်၊ အောင်ပန်း စိန်၊ အလန်းကုန်း၊ ကိုင်းကုန်း၊ လသာကုန်း၊ မကျီးပင်ချောင် စသည့် ကျေးရွာများမှ ပဲတီစိမ်း အနည်းငယ် စတင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ 

          ပဲတီစိမ်း ထွက်ရှိမှုအနေဖြင့် ဧက(၁၂၀)ခန့်ရှိကြောင်း တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၁၇/ ၁၈)တင်းခန့်ရှိ၍ ပဲတီစိမ်း(၁)တင်းလျှင်(၆၅၀၀၀ မှ ၆၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ‌ကြောင်း၊ ထွက်ရှိသော ပဲတီစိမ်းများအား သုံးခွမြို့နယ်ရှိ Bright Light Co.;Ltd မှ စတင်ဝယ်ယူနေပြီဖြစ် ကြောင်း သိရသည်။ ယခင်နှစ် ပဲတီစိမ်း စတင်ထွက်ရှိချိန်တွင် (၁) တင်းလျှင် (၄၆၂၀၀) ကျပ်ဖြစ်ပြီး ယခုနှစ် ပဲတီစိမ်း စတင်ထွက်ရှိချိန်၌ (၁) တင်းလျှင် (၆၅၀၀၀ မှ ၆၆၀၀၀)ကျပ်ဖြစ်၍ ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်း သိရသည်။

DOCA (ရန်ကုန်)

https://www.commerce.gov.mm

Category: Local News