Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၁၄-၂-၂၀၂၃)

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။ ၁၄-၂-၂၀၂၃ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃၄)စောင် (၂.၃၇၃)ယွမ်သန်းတန်ဖိုးရှိသည့် လိမ္မော်သီး၊ ပန်းသီး၊ စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၁၄)ရက်နေ့ထိပို့ကုန်လိုင်စင် (၁၂)စောင်နှင့် သွင်းကုန်လိုင်စင် (၂၄၅)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၁၄-၂-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာပဲတီစိမ်း၊ မြေထောက်ပဲ၊ ပဲယင်း၊ ဖရဲသီး၊ ဆန်ကွဲ၊ သခွားမွှေး၊ ငါးရှဉ့်၊ ကြက်သွန်နီ၊ ကဏန်း၊ ဝါဂွမ်းတို့ဖြစ်ပြီးအများဆုံးသွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ လိမ္မော်သီး၊ ကားတာယာ/ကျွတ်၊ လက်တွန်းထွန်စက်၊ အသီးစွပ်အိတ်၊ ကြွေပန်းကန်/ကြွေခွက်၊ ပြည်တွင်းတပ်ဆင်ရေးတွင်အသုံးပြုသော SKD စနစ်ဖြင့်တင်သွင်းသည့် ဆိုင်ကယ်အပိုပစ္စည်း (Cargo Box)၊ သုံးဘီးဆိုင်ကယ်အင်ဂျင်၊ ကလေးကစားစရာအရုပ်၊ ပလပ်စတစ်လိပ်တို့ဖြစ်သည်။

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားထုတ်ပေး သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှ တောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၁၄-၂-၂၀၂၃ရက်နေ့တွင် Form Eထုတ်ပေးမှုမှာ (၃၁)စောင် ဖြစ်ပြီးချဉ်ပေါင်ဖာလာ (၁)စောင်၊ ကဏန်း (၅)စောင်၊ ငါးရှဉ့် ( ၃ )စောင်၊ ဆန်ကွဲ (၆)စောင်၊နေလဲစေ့ (၁)စောင်၊ ဖရုံသီး (၂)စောင်၊ ကြံ(၁၃)စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ Form E (၂၉၄ )စောင်ထုတ်ပေးခဲ့သည်။

          ၁၄-၂-၂၀၂၃ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၂၀၃)စီး၊ သွင်းကုန်ယာဉ်စီးရေ (၆၀)စီး၊ စုစုပေါင်း (၂၆၃)စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ပဲတီစိမ်း၊ မြေထောက်ပဲ၊ ပဲယင်း၊ သခွားမွှေး၊ ဖရဲသီး၊ ဆန်ကွဲ၊ ငါးရှဉ့်၊ ကြက်သွန်နီ၊ ကဏန်း၊ ဝါဂွမ်းအစရှိသည့် ပို့ကုန်ပစ္စည်းများ တင်ပို့ လျက်ရှိပါသည်။(၁-၂-၂၀၂၃ မှ ၁၄-၂-၂၀၂၃)ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၃၀၇၇)စီး၊ သွင်းကုန်ယာဉ် စီးရေ (၇၂၈)စီးကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများ ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း ၊ မြေပဲဆံတို့ကိုဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့် ပါ ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၄၀၀-၅၇၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၇၅-၂၄၇၅)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ နှမ်းညို(၁) တန်လျှင် (၈၀၀၀-၈၅၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဆန် (ဧည့်မထ) ၂၅% (၁) တန်လျှင် (၂၂၈၀) ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀) ယွမ်၊ ရာဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀) ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါသည်။

https://www.commerce.gov.mm

Category: Local News