Local News

မောတောင်ကုန်သွယ်ရေးစခန်းမှ ကဏန်းအရှင်တင်ပို့မှုအခြေအနေ

Last Updated:

     တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကဏန်းများအား မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ပုံမှန်တင်ပို့လျက်ရှိသည်။ ပုံမှန်အားဖြင့် ကဏန်းဖမ်းဆီးမှုအား (၁)ပတ်ဖမ်း၊ (၁)ပတ်နားစနစ်ဖြင့် ဖမ်းယူကြပြီး ဖမ်းဆီးရမိသည့် ကဏန်းများအား နေ့ချင်းတင်ပို့မှုများရှိသကဲ့သို့ ရက်ပိုင်းခေတ္တထိန်းသိမ်းထားပြီးမှ တင်ပို့မှုများလည်းရှိသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၁၃ ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ကဏန်းမဲအရှင် (Live Mud Crab) (11250 KG) ခန့်တင်ပို့နိုင်ခဲ့သည်။ လက်ရှိပေါက်ဈေးအနေဖြင့် ကဏန်းမဲအရှင် (1) KG လျှင် (145.21) ဘတ် ရရှိလျက်ရှိသည်ကို တွေ့ရှိရသည်။

Source: https://commerce.gov.mm

Category: Local News