Local News

မုံရွာဒေသထွက် သရက်သီးစိမ်း (ခေါ်) သရက်ကင်းများ ဈေးကောင်းရလျက်ရှိနေ

Last Updated:

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ ယခုမတ်လပိုင်းတွင် သရက်သီးစိမ်း (ခေါ်)သရက်ကင်းများ စတင်ပေါ်နေပြီဖြစ်ရာ ရာသီစာအဖြစ် စားသုံးသောကြောင့် သရက်ကင်း ဈေးကောင်းရရှိကာ ဝင်ငွေတိုးနေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရသည်။ 

       ယခုအချိန်တွင် ကုန်စိမ်းဈေးကွက်သို့ သရက်သီးစိမ်း (ခေါ်) သရက်ကင်းဈေးမှာ အသီးအနေ အထားပေါ်မူတည်၍ သရက်သီး (၁၀)လုံးလျှင် အနိမ့်ဆုံးငွေကျပ် (၁၀၀ဝ မှ ကျပ် ၁၅ဝ၀ ) အထိ ဈေးဖြင့်လက်လီရောင်းချရကြောင်း၊ သရက်ကင်း (၁) ပိဿာလျှင် ကျပ် (၉၀၀၀-၁၀၀၀၀) နှုန်းဖြင့် ပွဲစားများက ခြံအရောက်လာရောက်ဝယ်ယူမှုများလည်းရှိကြောင်း၊ စိုက်ပျိုးသော သရက်မျိုးများမှာ ဟင်္သာ၊ ရွှေပို၊ လက်ခုတ်၊ ဝါဆို၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ မချစ်စု၊ ပန်းဆွဲ သရက်အမျိုးခွဲ အစုံစိုက်ပျိုးကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Source: https://commerce.gov.mm

Category: Local News