Local News

CP Foods မြန်မာပြောင်းခြေရာခံနိုင်မှုစနစ်

Last Updated:

       CP Foods သည် သစ်တောပြုန်းတီးမှုနှင့်  ရိုးပြတ်မီးရှို့ရှင်းလင်းခြင်း ကင်းသည့် ရေရှည်တည်တံ့သော ပြောင်းရင်းမြစ်ကို သေချာစေရန် ခြေလှမ်းများ လှမ်းခဲ့ပါသည်။

        Charoen Pokphand Group (CP Group) ၏ Feed Ingredients Trading Business Group (FIT) နှင့် Charoen Pokphand Foods Public Company Limited (CP Foods)တို့သည် တိရစ္ဆာန်အစာ   ထုတ်လုပ်ရန်ရယူသည့်   ပြောင်းကို    သစ်တောပြုန်းတီးခြင်းနှင့်   ရိုးပြတ်မီးရှို့ရှင်းလင်းခြင်းကင်းသော    ပြောင်းဖူးဖြစ်ကြောင်း    စိစစ်အတည်ပြုပေးနိုင်သော     ပြောင်းဖူး နောက်ကြောင်း ပြန်လိုက်သည့်စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ကျင့်သုံးနိုင်ခဲ့သည်။

     ၎င်းစနစ်သည် ထိုင်းနိုင်ငံတွင် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကို နိုင်ငံတကာစံနှုန်းနှင့်အညီ သစ်တောပြုန်းတီးမှုကင်းစင်သော ဒေသများမှ ပြောင်းများကိုသာ ရာနှုန်းပြည့် ရရှိစေပါသည်။

       CP Group သည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တို့အပါအဝင် ၎င်း၏ အဓိကပြည်ပလုပ်ငန်းဆောင်ရွက်မှုများသို့လည်း ၎င်းခြေရာခံစနစ်ကို တိုးချဲ့ခဲ့သည်။ FIT သည်  CP Group ၏ ပြည်ပ လုပ်ငန်းကဏ္ဍ တစ်ခုဖြစ်သော CP Myanmar နှင့်ပူးပေါင်း၍ ပြောင်းရယူခြင်းအတွက်  ခြေရာခံနိုင်မှုစနစ်ကို ၂၀၂၀  ခုနှစ်ကတည်းက   ဖြန့်ကျက်အသုံးပြုခဲ့သည်။    မြန်မာနိုင်ငံတွင်   ပြောင်း စိုက်ပျိုးသူများသည်   ၎င်းတို့၏ စိုက်ဧရိယာများကို စာရင်းပြုစု   မှတ်ပုံတင်ပြီး   တောပြုန်းစေခြင်းကင်းသော   စိုက်ခင်းများဖြစ်ကြောင်း စိစစ်အတည်ပြုခဲ့သည်။ သို့ဖြစ်ရာ CP Myanmar ၏ တိရစ္ဆာန်  အစာလုပ်ငန်းကဏ္ဍအတွက်   ကုန်ကြမ်းများသည် တောပြုန်းခြင်း ကင်းသည့် စိုက်ခင်းများထံမှ ပြောင်းများ ရာနှုန်းပြည့်ဖြစ်ကြောင်း သေချာစေသည်။

     သို့ဖြစ်ရာ  လက်ရှိတွင် CP Myanmar မှ မြန်မာနိုင်ငံတွင် ဝယ်ယူသော ပြောင်းများ အားလုံးသည် ရာနှုန်းပြည့် ခြေရာခံနိုင်ပါသည်။ 

Source: https://www.foodindustrydirectory.com.mm/food-industry/cuisine/thinland/item/5909-cp-foods.html

 

Category: Local News