Local News

မောင်တောကုန်သွယ်ရေးစခန်းမှ ရေထွက်ပစ္စည်းများတင်ပို့နိုင်ခဲ့မှုအခြေအနေ

Last Updated:

      မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၁၉-၀၃-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၆.၅၅၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၆.၅၉၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး ၏ လျာထားချက်အပေါ် (၁၄၄%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

   မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၀) ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏမှာ (၁.၀၈၀) ဖြစ်ပြီး (၁၉-၃-၂၀၂၃) ရက်နေ့အထိ လျားထားချက် အပေါ်အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၈၃၅) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၂) နှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ (၀.၈၃၇) ဆောင်ရွက်နိုင်ခဲ့သဖြင့် လျထားချက်အပေါ် (၇၈%) ဆောင်ရွက်နိုင်ခဲ့သည်။ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှ ကြက်သွန်ဖြူ၊ ပန်းသီး၊ ကွမ်းသီး၊ ထန်းလျက်၊ အုန်းသီး၊ ငရုတ်သီးခြောက်၊ ဆီးသီးခြောက်၊ သရက်သီး၊ ရေထွက်ပစ္စည်းမှ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးခေါင်းပွ၊ ငါးနီတူခြောက်၊ ငါးစုံလေးခြောက်၊ ငါးကုန်းညိုခြောက်၊ ပုစွန် ခြောက်၊ စက်မှုကုန်ချောပစ္စည်းမှ လူကြီးစီးဖိနပ်၊ သနပ်ခါးခဲ၊ ဆီးယိုထုပ်၊ ကော်ဖီမစ်၊ ဆန်ကြာဆံ တို့တင်ပို့ နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် Plastic Pipe ၊ Aluminium Water Pot တို့တင်သွင်းခဲ့သည်။

Source: https://commerce.gov.mm

Category: Local News