Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၁) ရက်နေ့မှ မတ်လ (၁၇) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု ယခင်နှစ် ကာလတူထက် ပိုမိုဆောင်ရွက်

Last Updated:

       ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်(၄.၇၇၃) ဒေါ်လာသန်း၊ သွင်းကုန်(၇.၆၅၉)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၂.၄၃၂) ဒေါ်လာသန်းဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုမရှိဘဲသွင်းကုန် (၀.၂၅၈) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၀.၂၅၈) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၄.၇၇၃)‌ဒေါ်လာသန်း၊ သွင်းကုန်တွင် (၇.၄၀၁)ဒေါ်လာသန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၂.၁၇၄) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

      ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ မြေပဲဆံ၊ ကုလားပဲ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ကြံ၊ ဆီးဖြူသီးခြောက်၊ ချင်း(စို)၊ ငရုတ်သီး (အစို)၊ ရော်ဘာ၊ ဝဥခြောက်၊ ပြောင်းချဉ်ဖတ်၊ ကော်ဖီစေ့တို့ တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်အုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ ပိုမိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: https://commerce.gov.mm/my/article/border-trade-news-update-news-border-area-trade

         

Category: Local News