Local News

ပဲကြီးအသစ်ပေါ်ချိန် စျေးကောင်းရ

Last Updated:

     မကွေးတိုင်းဒေသကြီးအတွင်း ပဲကြီးသီးနှံကို အောင်လံမြို့နယ်နှင့် စလင်းအနီးဝန်းကျင် ကျေးရွာများဖြစ်သည့် ဥသျှစ်ကုန်း၊ ကံတော်၊ ငလိုင်တွင်း၊ ကုရင်းကျောက်၊ ကုက္ကိုတန်းစသည့် ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ပဲကြီး(သစ်)ပေါ်ချိန်လည်းဖြစ်သလို ပဲကြီးအရောင်းအဝယ်ကောင်းတဲ့ အချိန်လည်းဖြစ်ပါသည်။ ပဲကြီးသီးနှံသည် ပြည်တွင်းစားသုံးမှုများသည့် သီးနှံလည်းဖြစ်သည့်အတွက် ထွက်ပေါ်စမှာပင် စျေးကွက်ထဲသို့ ဝင်ရောက် လာသမျှ အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

    ယခုနှစ်တွင် ပဲကြီးစိုက်ပျိုးမှုနည်းသလို အထွက်နှုန်းလည်းနည်းတာကို တွေ့ရပါသည်။ အထွက်နှုန်းနည်းသော်လည်း စျေးကောင်းရရှိနေတဲ့အတွက် တောင်သူများအနေဖြင့် အဆင်ပြေကာ အကျိုးဖြစ်ထွန်းလျှက်ရှိပါသည်။ ပဲကြီးစျေးမြင့်တက်ရခြင်းမှာ စိုက်ပျိုးစရိတ်ဖြစ်တဲ့ သွင်းအားစု၊ လုပ်သားခ၊ သယ်ယူပို့ဆောင်ခများ မြင့်တက်နေခြင်း၊ ပြည်တွင်းပဲကြော်ဖို လုပ်ငန်းရှင်များ၊ လှောင်လက်များမှ ဝယ်လိုအားကောင်းနေခြင်းတို့ကြောင့် မြင့်တက်ရခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

     ပဲကြီးစျေးအနေဖြင့် (၇.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၈၀၀၀၀)စျေး၊ (၁၀.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၈၁၀၀၀)စျေး၊ (၁၃.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၈၅၀၀၀)စျေး၊ (၂၁.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၈၂၀၀၀)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်နှစ်တွင် ကျပ်(၆၅၀၀၀) စျေးသာရရှိခဲ့တဲ့ အတွက် ယခုနှစ်တစ်တင်းလျှင် ကျပ်(၁၅၀၀၀)မှ (၂၀၀၀၀)စျေးအထိ စျေးပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

                                                                                                                                                         ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News