International News

တရုတ်နိုင်ငံသည် ရေနံစိမ်းအရန်သိုလှောင်မှု ထပ်တိုးလျက်ရှိ

Last Updated:

        တရုတ်နိုင်ငံသည် တင်သွင်းမှုနည်းပါးပြီး ရေနံချက်လုပ်မှု  မြင့်မားနေသဖြင့် ပြည်တွင်းဈေးကွက်တွင် ရေနံစိမ်းလိုအပ်သည့်ပမာဏ မြင့်တက်နေသော်လည်း ယခုနှစ် ပထမနှစ်လတွင် အရန်သိုလှောင်မှု ရေနံစိမ်းကို ပိုမိုထည့်သွင်းလျက်ရှိသည်။ တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၂၇၀,၀၀၀ ခန့် (barrels per day bpd) ခန့်ကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရောင်းဝယ်ဖောက်ကားရန် သိုလှောင်မှုနှင့် မဟာဗျူဟာမြောက် သိုလှောင်ခြင်းးများတွင် ထပ်မံထည့်သွင်းခဲ့သည်။ ၎င်းပမာဏသည် ၂၀၂၂ ဒီဇင်ဘာလ တွင် bpd  ၁.၁၉ သန်း နှင့် ၂၀၂၂ တစ်နှစ်တာပျမ်းမျှ bpd  ၇၄၀,၀၀ တို့ထက် လျော့နည်းနေဆဲ ဖြစ်သည်။ 

       ယခုနှစ် ပထမနှစ်လအတွင်း တင်သွင်းမှုနှင့် ပြည်တွင်းထုတ်လုပ်မှုမှ ရရှိနိုင်သော ရေနံစိမ်းစုစုပေါင်း ပမာဏမှာ bpd ၁၄.၆၃ သန်း ဖြစ်ပါသည်။ တင်သွင်းသည့် ပမာဏမှာ bpd  ၁၀.၄ သန်းဖြစ်ပြီး ပြည်တွင်း ထုတ်လုပ်သည့် ရေနံစိမ်း ပမာဏမှာ bpd ၄.၂၃ သန်း ဖြစ်ပါသည်။  ဒီဇယ်၊ ဓာတ်ဆီ၊ လေကြောင်း လောင်စာဆီနှင့် ရေကြောင်းလောင်စာဆီများ အပါအဝင် သန့်စင်ပြီး ရေနံထွက်ကုန်များ တင်ပို့မှုသည် ဇန်နဝါရီမှ ဖေဖော်ဝါရီ ကာလတွင် တန်ချိန် ၁၂ ဒသမ ၇ သန်းနီးပါး ရှိပါသည်။ 

Source: https://www.industrialdirectory.com.mm

Category: International News