International News

တရုတ်နိုင်ငံ၊ Tianjin မြို့တွင် နိုင်ငံတကာမျိုးစေ့ပြပွဲကို ကျင်းပခဲ့

Last Updated:

မျိုးစေ့လုပ်ငန်းတွင် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန် တရုတ်နိုင်ငံမြောက်ပိုင်းTianjinမြို့၌ ၁၈-၃-၂၀၂၃ရက်နေ့တွင် နိုင်ငံတကာ မျိုးစေ့ပြပွဲတစ်ခုကို ကျင်းပခဲ့ကြောင်း သိရှိရသည် ။

၁၄ ကြိမ်မြောက် တရုတ်နိုင်ငံတကာမျိုးစေ့ပြပွဲ(The 14th China International Seed Expo) ၌ ပြခန်းဧရိယာ စတုရန်းမီတာ ၂၀,၀၀၀ ကျော်ပါဝင်ပြီး မျိုးစေ့ထုတ်ကုန် အမျိုးမျိုးနှင့်မျိုးစေ့ထုတ်လုပ်မှုနှင့်ဆက်စပ်သည့် အဆင့်မြင့်နည်းပညာများကို ပြသခဲ့ကြောင်း၊ အဆိုပါ (၃)ရက်တာ ကျင်းပခဲ့သည့် ပြပွဲသို့ ကုမ္ပဏီများ၊ တက္ကသိုလ်များနှင့် အဖွဲ့အစည်းများ ၁,၂၀၀ ကျော်အပြင် မျိုးစေ့ထုတ်လုပ်သူများလည်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

ဇီဝဗေဒဆိုင်ရာ မျိုးပွားမှုလုပ်ငန်းများ၊ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှု အကာအကွယ်ပေးရေးနှင့် အခြားအကြောင်းအရာများနှင့်စပ်လျဉ်းသည့် ဖိုရမ်များကိုလည်း ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်အင်ဂျင်နီယာအကယ်ဒမီ၏ ပညာရှင်တစ်ဦးက တရုတ်နိုင်ငံအနေဖြင့် အခြေခံအစားအစာနှင့် ကောက်ပဲသီးနှံများ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်နေပြီ ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံတွင် ဆန်နှင့် ဂျုံတစ်ယူနစ် ထုတ်လုပ်နိုင်မှုမှာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှထုတ်လုပ်နိုင်မှုထက် ပို၍ မြင့်မားနေပြီဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြပွဲသည် မျိုးစေ့လုပ်ငန်းတွင် တရုတ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အတွေးအခေါ်များ ဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စင်္ကြံတစ်ခုကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 https://www.sunsirs.com/commodity-news/petail-11594.html

https://www.sunsirs.com/commodity-news/petail-11594.html

www.chinadaily.com.cn                

https://global.chinadaily.com.cn/a/202303/19/WS64164501a31057c47ebb5413. html

https://global.chinadaily.com.cn/a/202303/06/WS64058f06a31057c47ebb2880.html

Category: International News