Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

       ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မတ်လ ၁၇ ရက်နေ့အတွင်း ကန်ပိုက်တီနယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ မြေပဲ၊ ပဲယင်း၊‌ ပြောင်း၊ ဖရဲသီး၊ နှမ်းနက်၊ နိုင်လွန်ပဲ၊ ပဲလွန်းဖြူ၊ ရွှေဖရုံသီးနှင့် ငရုတ်သီးများတင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏ မှာ ၁၀၉၅၃၅၇၈.၇၆ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်မှ မတ်လ ၁၀ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၁၂၆၈၂၇၁၃.၃၅ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၇၂၉၁၃၄.၅၉ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။
      သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မတ်လ ၁၇ရက်နေ့အတွင်း စက်နှင့်စက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည်များ၊ ကုန်ထုတ်စက္ကူများ၊ လယ်ထွန် စက်များ၊ ဓါတုဗေဒချည်ခင်များ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတုနှင့် Empty Cargo Containner 45’ Feet များ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၆၅၆၁၄၉.၉၇ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်မှ မတ်လ ၁၀ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏ ၆၄၀၆၇၃.၃၀ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၁၀၁၅၄၇၆.၆၇ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။
      တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၉၂၉၇၄၂၈.၇၉ ကန်ဒေါ်လာ ပိုမိုပြီးကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှု စာရင်းများ အရတွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၇ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၅.၈၁ ကျပ်ရှိကြောင်း သိရှိရပါသည်။

  

                                                                                                                                                                                         မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News