Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

          ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၁၁-၃-၂၀၂၃) မှ (၁၇-၃-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ စစ်တုံဥ၊ ချင်း(အစို)၊ ကွမ်းသီး၊ ဇီးသီးခြောက်၊ အုန်းသီးခြောက်၊ ငါးစုံလေးခြောက်၊ ငါးနီတူခြောက်၊ ငါးသလောက်၊ ငါးမြစ်ချင်း၊ တံမျက်စည်းကြမ်းနှင့် ဇီးယိုထုပ်တို့ တင်ပို့ရာတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၅၇၅၂၉၁ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

            ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ဇီးသီးခြောက်တန်ချိန် ၁၉၆ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးသီးခြောက်တန်ချိန် ၂၉၄ တန် တင်ပို့ခဲ့ပြီး ယခင် အပတ်ထက် ယခုအပတ်တွင် ဇီးသီးခြောက်တန်ချိန် တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် ဇီးသီးခြောက်တင်ပို့နိုင်မှု ငွေပမာဏမှာ ၃၃၃၂၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါ သည်။

 

 

                                                                                                                                                                                                        နီလာ

                                                                                                                                                                                         သဇင်မြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News