International News

မတ်လတွင် ရုရှားလောင်စာဆီ တန်ချိန် ၁ သန်းကျော် စင်ကာပူနှင့် မလေးရှားသို့ တင်ပို့ခဲ့

Last Updated:

     ရုရှားသည် မတ်လတွင် ပင်လယ်ရေကြောင်းမှ လောင်စာဆီနှင့် vacuum gasoil(VGO)  တို့ကို စင်ကာပူနှင့် မလေးရှားသို့ စံချိန်တင် ပမာဏပေးပို့ခဲ့သည်။ အာရှဈေးကွက်တွင် ရောင်းအားထက် ပိုလျှံသွားစေခဲ့သည်ဟု Refinitiv မှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ Refinitiv ဒေတာအရ မတ်လတွင် ရုရှားဆိပ်ကမ်းများမှ စင်ကာပူနှင့် မလေးရှားသို့ လောင်စာဆီနှင့် VGO တင်ပို့မှုသည် တန်ချိန် ၁.၁ သန်းကျော်ရှိနိုင်ကြောင်း ဖော်ပြထားသည်။ 
    ယူအေအီး၏ အဓိက ကုန်သွယ်ဗဟိုချက် ဆိပ်ကမ်းဖြစ်သည့်  Fujairah သည် ရေနံစိမ်း၊ ဓာတ်ဆီ၊ ဒီဇယ်ဆီစသည့် ရုရှားရေနံထွက်ကုန် အများအပြားကို လက်ခံရရှိခဲ့ပြီး ယခုလအတွင်း စုစုပေါင်း တန်ချိန် ၃ သိန်းထက်မနည်း ရှိနိုင်သည်။ ရုရှားရေနံထွက်ကုန်အချို့ကို သင်္ဘောပြောင်းတင်ပေးသည့် သင်္ဘောမှ သင်္ဘောသို့ ပြောင်းတင်ခြင်း ship-to-ship (STS) ဆောင်ရွက်ပြီးနောက် အာရှသို့ တင်ပို့သည်။

Source: https://www.industrialdirectory.com.mm

Category: International News