ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၀၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၄၆၁၉)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁၄.၃၁၈) သန်း၊ သွင်းကုန်တန်ချိန် (၁၁၀၉)၊ (၇၅၀) M2၊ (၈၁) U၊ (၁၀၀၂၅) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂.၀၆၈)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃၈၆ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ ဓနိအုန်း၊ ဓနိဖက် တို့ဖြစ်ပြီး၊ အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပီလောပီနံမှုန့်၊ ကြွေပြား၊ ဆား၊ ကုန်စုံ၊ စတီးဝါယာကြိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆီလီကွန်၊ ဆာလဖာ၊ ကျောက်ချဉ်၊ မီးသွေးမှုန့်၊ ရေသန့်စင်စက်၊ ရေကူးကန်သုံးအပိုပစ္စည်း၊ နိုင်လွန်ကြိုး၊ ငါးဖမ်းပိုက်ကွန်၊ ဌက်သိုက်၊ သင်္ဘောအပိုပစ္စည်း၊ ငါးထည့်သည့်ခြင်း၊ ရေခဲပုံး၊ ဖိနပ်ကုန်ကြမ်း တို့ဖြစ်ကြောင်း သိရှိရသည်။
Source: https://commerce.gov.mm