Local News

ပြည်မြို့မှ ထွက်ရှိသည့် ကြံသကာများကို ရန်ကုန်မြို့နှင့် တခြားမြို့နယ်တို့သို့ တင်ပို့ရောင်းချနေ

Last Updated:

     ပဲခူးတိုင်းဒေသကြီး   ပြည်မြို့မှ ထွက်ရှိသည့် ကြံသကာများကို  ရန်ကုန်မြို့နှင့် တခြားမြို့နယ်တို့သို့    တင်ပို့ရောင်းချနေကြောင်း   ပြည်မြို့မှ    ကြံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ   သိရသည်။

     “အခုချိန်က    ကြံခုတ်သိမ်း ရာသီဖြစ်ပါတယ်။   ကြံတွေကို  သကြားစက်တွေဆီ   တိုက်ရိုက်တင်ပို့ရောင်းချသလို ကြံသကာပြုလုပ်တဲ့ဖိုတွေ ဆီကိုလည်း တင်ပို့ရောင်းချပါတယ်။ ရန်ကုန်မြို့ကိုတင်ပို့ပြီး အဲဒီကတစ်ဆင့်    တခြားမြို့နယ်တွေဆီ    တင်ပို့ရောင်းချတယ်။  ကြံသကာက  အမြတ် ပိုရပါတယ်”ဟု ကြံစိုက်ပျိုးသူ တစ်ဦးကပြော သည်။

     တစ်နိုင်တစ်ပိုင်    ကြံသကာချက်လုပ်သူများအနေဖြင့် ကြံသကာချက်လုပ်ရာတွင် ကြံတစ်တန်လျှင် ကြံအရည်ပုံး ၃၀ ခန့်ရရှိပြီး ဒယ် ၃၀ ခန့်  ချက်လုပ်ပါက ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၉၈၅၀၀ ခန့်ရှိကြောင်း   သိရသည်။   ကြံသကာ ပိဿာချိန် ၆၀ ခန့်ထွက်ရှိပါက တစ်တန်လျှင်  ငွေကျပ်  ၁၂၀၀၀၀   ခန့်ရရှိသောကြောင့် တစ်ရက်လျှင်  လေးတန်ကျချက်လုပ်နိုင်လျှင် ငွေကျပ် ၈၆၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊  ချက်လုပ်ရရှိသော ရိုးရိုးကြံသကာများကို ဈေးကွက်အတွင်း   တစ်နိုင်တစ်ပိုင် ရောင်းချကြောင်း သိရသည်။

     ထို့ပြင်    မြေပဲကြံသကာ ထုတ်လုပ်ရာတွင်  မြေပဲကြံသကာတစ်ဒယ် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ   စုစုပေါင်း   ငွေကျပ် ၁၉၇၀၀ ခန့်ကုန်ကျပြီး တစ်ဒယ်လျှင် ၇ ပိဿာ ၆၀  ကျပ်သားရရှိကာ   ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀ ဖြင့် ရောင်းချရကြောင်း၊  တစ်ရက်လျှင် ဒယ် ၄၂၀ ခန့် ချက်လုပ်နိုင်ပါက ငွေကျပ် ၃၄၄၄၀၀ ခန့် အကျိုးအမြတ် ရရှိကြောင်း သိရသည်။

https://myawady.net.mm

 

Category: Local News