International News

မဲခေါင်သိပ္ပံ (Mekong Institute-MI) မှ ကျင်းပပြုလုပ်သည့် “Webinar on Advancing Sustainable Development in the Lancang-Mekong Region through Global Development Initiative” သို့ ပါဝင်တက်ရောက်ခြင်း

Last Updated:

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် မဲခေါင်သိပ္ပံမှ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် Zoom application ဖြင့်ကျင်းပပြုလုပ်သည့် “Advancing Sustainable Development in the Lancang-Mekong Region through Global Development Initiative” နှင့်စပ်လျဉ်းသည့် Webinar အား  ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Webinar သို့ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် စုစုပေါင်း (၅၁) ဦး ပါဝင်တက်ရောက်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်  ခဲ့ပါသည်။ အဆိုပါ Webinar သည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှု (Global Development Initiative – GDI) ကို ပိုမိုကောင်းမွန်စွာ နားလည်စေရန်အတွက် အကြံဉာဏ်များ ဖလှယ်ကြရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် GDI နှင့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု (Lancang-Mekong Cooperation – LMC) လုပ်ငန်းစီမံချက်များ ပေါင်းစပ်ညှိနှိုင်း ခြင်းဆိုင်ရာ မဟာဗျူဟာများ၊ ကြားဝင်စေ့စပ်မှုများနှင့် ချဉ်းကပ်မှုများကို ဖော်ထုတ်လေ့လာကြရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

    အဆိုပါ Webinar အား မဲခေါင်သိပ္ပံမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Mr.Suriyan Vichitlekarn နှင့် UNESCAP ၏ တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မဲခေါင်သိပ္ပံကြီးကြပ်မှုကော်မတီအဖွဲ့ဝင်ဖြစ်သူ Mr.Ke Yousheng တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ Webinar ကို အပိုင်း (၂) ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမပိုင်းတွင် GDI အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်များကို အမေးအဖြေကဏ္ဍများဖြင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

     ဒုတိယပိုင်းတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြရာ မဲခေါင်-လန်ချန်း ဒေသအတွင်းဆင်းရဲမှုလျှော့ချရေး၊ အစားအစာလုံခြုံရေး၊ ကျန်းမာရေး၊ ကာဗွန်လျှော့ချရေးနှင့် အီလက်ထရောနစ်ကုန်သွယ်ရေးစသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်များ အပေါ် အမေးအဖြေကဏ္ဍများဖြင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်း ခဲ့ကြပါသည်။

Source: https://commerce.gov.mm

Category: International News