Local News

လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

          ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၁၂၂၀၄၉၆၇.၃၂ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၉၅၆၅၆၄.၆၄ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ပဲယင်း၊ ပဲတီစိမ်း၊ နှမ်း၊ ဖရဲသီး၊‌ ပြောင်း၊ ပဲကြီး၊ ပဲလွန်းဖြူနှင့် မန်ကျည်းမှည့်(အ‌စေ့ပါ)များ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၃၆၉၅၅၇၃.၃၂ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုင်တီ နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ ငွေပမာဏတန်ဖိုးမှာ ၈၅၀၉၃၉၄.၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
      သွင်းကုန်ပစ္စည်းများမှာ မီးဖိုချောင်သုံးပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်း များ၊ ကုန်ထုတ်စက္ကူများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လယ်ထွန်စက်များ၊ ချည်ထည်များ၊ စက်နှင့်စက်ပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုင်တီ နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၄၈၃၁၈ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ် စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၈၀၈၂၄၆.၆၄ တင်သွင်းမှုရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၈ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၄.၈၇ ကျပ် ရှိကြောင်းသိရှိရပါသည်။

  

                                                                                                                                                                                        မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News