Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု တစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

          ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့အတွင်း ကန်ပိုင်တီ နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ပဲယင်း၊ ပဲတီစိမ်း၊ နှမ်း၊ ဖရဲသီး၊ ‌ပြောင်း၊ ပဲကြီး၊ ပဲလွန်းဖြူနှင့် မန်ကျည်းမှည့်(အ‌စေ့ပါ)များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏမှာ ၁၂၂၀ ၄၉၆၇.၃၂ ကန်ဒေါ်လာတင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၁၀၉၅၃၅၇၈.၇၆ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၁၂၅၁၃၈၈.၅၆ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။
        သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့အတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ လယ်ထွန်စက်များ၊ ချည်ထည်များ၊ စက်နှင့် စက်ပစ္စည်းများ၊ သားရေ/ သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၉၅၆၅၆၄.၆၄ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏ ၁၆၅၆ ၁၄၉.၉၇ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၆၉၉၅၈၅.၃၃ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။
    တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၁၁၂၄၈၄၀၂.၆၈ ကန်ဒေါ်လာ ပိုမိုပြီးကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများ အရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၈ ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၃၀၄.၈၇ ကျပ်ရှိကြောင်း သိရှိရပါသည်။

  

                                                                                                                                                                                   မနောမြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News