Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

      မတ်လ၏ နောက်ဆုံးအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်ဈေးငြိမ်၍ နှမ်းဖြူ ဈေးကျဆင်းပြီး၊ မြေပဲလုံး ဆံနီ/ ဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်း သိရသည်။ ယခုတစ်ပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀)ကျပ် ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းနက် ဈေးငြိမ်နေပြီး နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀)ကျပ် ကျဆင်း သွားကြောင်း သိရသည်။

     ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံ ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၅၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၄၅၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၀၅၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၄၀၀)ကျပ်ရှိ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ/ ဖြူဈေးနှုန်းများ အနည်ငယ်မြင့်တက်နေ ကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၂၅၀၀ကျပ် မှ ၁၂၀၀၀ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ကျပ် မှ ၁၀၅၀၀ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                     ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News