Local News

မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအ​ခြေအနေ

Last Updated:

     မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၂၅-၀၂-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၅.၇၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၇၅၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး၏ လျာထားချက်အပေါ် (၁၃၇%) ဆောင်ရွက်နိုင်ခဲ့သည်။

     မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏမှာ (၁.၀၄၀) ဖြစ်ပြီး လျားထားချက် အပေါ်အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၄၁၉) ဒေါ်လာသန်း၊ သွင်းကုန် (-) နှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁.၄၁၉) ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၃၆%) ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှ ကြက်သွန်ဖြူ၊ ပန်းသီး၊ ကွမ်းသီး၊ ထန်းလျက်၊ အုန်းသီး၊ ငရုတ်သီးခြောက်၊ ဆီးသီးခြောက်၊ သရက်သီး၊ ရေထွက်ပစ္စည်းမှ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးခေါင်းပွ၊ ငါးနီတူခြောက်၊ ငါးစုံလေးခြောက်၊ ငါးကုန်းညိုခြောက်၊ ပုစွန်ခြောက်၊ စက်မှုကုန်ချောပစ္စည်းမှ လူကြီးစီးဖိနပ်၊ သနပ်ခါးခဲ၊ ဆီးယိုထုပ်၊ ကော်ဖီမစ်၊ ဆန်ကြာဆံ တို့တင်ပို့ခဲ့သည်။

https://commerce.gov.mm

Category: Local News