Local News

မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း တင်ပို့/တင်သွင်းခဲ့မှုအခြေအနေ

Last Updated:

     မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက်ရှိသော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။ မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ(၁.၃၂၉)သန်း၊ သွင်းကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ(၀.၀၉၁) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၁.၄၂၀) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

     မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ဓနိဖက်၊ ဆီအုန်းကြိတ်ဖတ်နှင့် တံမြက်စည်းတို့ဖြစ်ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ အသီးများ၊ ငါးသေတ္တာဘူးခွံ၊ ငါးစာ၊ အုတ်ကြွပ်ကျောက်ပြား၊ ကြွေပြားနှင့် ပုစွန်သားပေါက်တို့ ဖြစ်သည်။

https://commerce.gov.mm

Category: Local News