Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ခြောက်သိန်းနှင့် ကြက်သွန်နီ တန်ချိန် တစ်သိန်း တင်ပို့မည်

Last Updated:

     ၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတီစိမ်းတန်ချိန် ခြောက်သိန်းနှင့် ကြက်သွန်နီတန်ချိန်  တစ်သိန်း   တင်ပို့မည်ဖြစ်ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ထိုသို့တင်ပို့ရာတွင် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲစီကို လေးကြိမ်ခွဲကာ တန်ချိန် ခြောက်သိန်း တင်ပို့မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လ အထိ  ကြက်သွန်နီတန်ချိန်  သုံးသောင်း၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ကြက်သွန်နီ တန်ချိန် တစ်သောင်းခွဲနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကြက်သွန်နီတန်ချိန် နှစ်သောင်း၊  ၂၀၂၄ ခုနှစ်  ဇန်နဝါရီလမှ    မတ်လအထိ    ကြက်သွန်နီတန်ချိန် သုံးသောင်းခွဲ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

     ပဲတီစိမ်းကို တရုတ်၊ အိန္ဒိယ၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီစသည့် နိုင်ငံတို့သို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးများမှတစ်ဆင့် တင်ပို့လေ့ရှိ ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ပြည်ပသို့ ပဲတီစိမ်းတင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၃၆၉ ဒသမ ၂၉၅ သန်းအထိ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ တစ်နိုင်ငံလုံး၌   နှစ်စဉ်  ကြက်သွန်နီ  တန်ချိန်  တစ်သန်းကျော် စိုက်ပျိုးထွက်ရှိပြီး   ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ပါ   တင်ပို့လေ့ရှိကာ  ယခုနှစ်အတွင်း တန်ချိန်ရှစ်သောင်းကျော်  တင်ပို့ထား ပြီးဖြစ်ကြောင်း သိရသည်။

https://myawady.net.mm
Category: Local News