Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၂၆-၂-၂၀၂၃)ရက်နေ့မှ(၂၇-၂-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်း များတင်ပို့မှုရှိသည်။ လယ်ယာထွက်ကုန်ပစ္စည်းများမှာ ပီလောပီနံ၊ ဂေါ်ဖီထုပ်၊ ဆန်ကွဲ၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ မန်ကျည်းသီး၊ ပြောင်း၊ ငရုတ်၊ ချင်း၊ မြေပဲနှင့် နနွင်းတို့ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုစွန်၊ ငါးရှဉ့်၊ ငါး ခွေးလျှာ၊ ကဏန်း၊ ငါးဓါးလွယ်၊ အုန်းငါးမုတ်၊ ပင်လယ်ငါးပြေမ၊ ငါးတီး၊  ကျောက်ငါး၊ ငါးသလောက်၊ ကကူယံ၊ ငါးပါးနီနှင့် ငါးပိတို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီး ဝတ်အထည်အလိပ်များ တင်ပို့လျက်ရှိ သည်။

     အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် CMP ၊ ကြက်သွန်နီ၊ ချင်း၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ငါးပိ၊ ဆန်မှုန့်၊ နနွင်း၊ ပြောင်း၊ ပီလောပီနံ၊ မန်ကျည်းသီး၊ မြေပဲ၊ ရေထွက်ကုန်ပစ္စည်း၊ သံတို/သံစ/သံ ဖြတ်စများ၊ ဆန်ကွဲနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

     ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေး ညီဆောင်ရွက်ပေးလျက် ရှိသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်လှေကားအပိုပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံး ပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ လယ်ထွန်စက်နှင့်ဆက်စပ်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Materials ၊ အိမ်သုတ်ဆေးနှင့် ကုန်ကြမ်းပစ္စည်းတို့တင်သွင်းလျက်ရှိသည်။  

     အများဆုံးသွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ ထုပ်ပိုးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊  Garment ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ရုံသုံးပစ္စည်း၊ ကားအပိုပစ္စည်း၊ ယာဉ်/ယန္တရားအပိုပစ္စည်း၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်းများ၊  အိမ်သုတ်ဆေးများ၊ သစ်သီး၊ စက်ဘီး၊ ဆိုင်ကယ် အပိုပစ္စည်း၊ အဝတ်အထည်၊ တိရစ္ဆာန်အစာ၊ အလှကုန်ပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ စာရေးကိရိယာနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ (၅-၁-၂၀၂၃)ရက်နေ့မှစ၍ မြဝတီကုန်သွယ်မှုလမ်းကြောင်းများ ပုံမှန်ဖြစ်ပေါ်လာပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ပြောင်းဆံများ တိုးမြှင့်တင်ပို့လာနိုင်ခြင်းနှင့် တရုတ် နှစ်သစ်ကူးနောက်ပိုင်း တစ်ဖက်နိုင်ငံမှ လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လာခြင်းတို့ကြောင့် ဘတ်စျေးများ တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၃.၃၃)ကျပ်ထိရှိခဲ့ပြီး ယခုအပတ်တွင် (၈၂.၉၉) ကျပ်ခန့်အထိရှိရာ ဘတ်စျေးအနည်းငယ်ပြန်ကျလာသဖြင့် သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

https://commerce.gov.mm

Category: Local News