International News

စားအုန်းဆီ ထုတ်လုပ်တင်ပို့မှုအတွက် မလေးရှားနှင့် တရုတ် လက်မှတ်ရေးထိုး

Last Updated:

      စားအုန်းဆီ ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် တရုတ်အစိုးရ ကျောထောက်နောက်ခံပြု ကုန်သွယ်မှုအသင်းနှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဧပြီ ၂ ရက် တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း မလေးရှားက ပြောကြားခဲ့သည်။ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့သည် တရုတ်နိုင်ငံမှ  China Chamber of Commerce of Import and Export of Foodstuffs, Native Produce and Animal By-Products တရုတ်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် လက်တွဲလိုက်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် တရုတ်နိုင်ငံ၌ စျေးကွက်ဝေစု ပြန်လည်ရရှိစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

      မလေးရှားနိုင်ငံသည် ကမ္ဘာ့ ဒုတိယအများဆုံး စားအုန်းဆီတင်ပို့သည့် နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယအများဆုံး စားအုန်းဆီ တင်သွင်းသူဖြစ်သည်။ တရုတ်နိုင်ငံတွင် မလေးရှား စားအုန်းဆီသုံးစွဲမှု မြှင့်တင်ပေးမည်ဖြစ်ပြီး ဆီအုန်းစိုက်ခင်းများတွင် ဉာဏ်ရည်တုအပါအဝင် နည်းပညာအသစ်များ သုံးစွဲနိုင်အောင် ဒီဇိုင်းထုတ်ခြင်းနှင့် အကောင်အထည် ဖော်ခြင်းတို့ကိုလည်း ဆောင်ရွက်မည် ဖြစ်သည်။ ဆီအုန်းစိုက်ခင်းများတွင် လူအား အဓိကသုံးစွဲနေ ခြင်းအစား စက်ယန္တရားများ သုံးစွဲနိုင်အောင် ဆောင်ရွက်မည် ဖြစ်သည်။

      ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံသည် စားအုန်းဆီနှင့် ဆီအုန်းထုတ်ကုန်များ တန်ချိန် ၃.၁၄ သန်းကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။ မလေးရှား စားအုန်းဆီ ပြည်ပတင်ပို့မှုတွင် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ ပြီးလျှင် ဒုတိယအရေးအပါဆုံးနိုင်ငံ ဖြစ်ပါသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News