Local News

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်လ ၁၇ ရက်အထိ စာရင်းများအရ ပြည်ပသို့ မြန်မာ့ဆန် တန်ချိန် ၁ ဒသမ ၂၆ သန်းကျော်တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၄၃၀၀ ကျော်လျော့ကျ

Last Updated:

      ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၁၇ ရက်အထိ စာရင်းများအရ ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၁ ဒသမ ၂၆ သန်း ကျော်တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၄၃၀၀ ကျော်လျော့ကျခဲ့သော်လည်း တန်ဖိုးအားဖြင့် ဒေါ်လာ ၄၄ သန်းကျော် ပိုမို ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၁၇ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၂၆၄၂၆၀ ဒသမ ၁၉၆ တန်၊ တန်ဖိုး ဒေါ်လာ ၄၉၁ ဒသမ ၂၀၉ သန်း၊ ဆန်ကွဲတန်ချိန်၈၄၂၆၃၅ ဒသမ ၁၆၀ တန်၊ တန်ဖိုးဒေါ်လာ၂၉၃ ဒသမ ၁၁၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတန်ချိန် ၂၁၀၆၈၉၅ ဒသမ ၃၅၆ တန်ရှိပြီး တန်ဖိုးဒေါ်လာ သန်းပေါင်း ၇၈၄ ဒသမ ၃၂၄ သန်း ရရှိထားသည်။

     ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၂၆၈၅ ၇၀ ဒသမ ၆၀၅ တန်တင်ပို့မှုမှတန်ဖိုး ဒေါ်လာ ၄၄၆ ဒသမ ၈၈၆ သန်း၊ ဆန်ကွဲတန် ချိန် ၇၇၂၁၀၄ ဒသမ ၉၈၀ တန်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၂၃၉ ဒသမ ၀၄၂ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၂၀၄၀၆၇၅ ဒသမ ၅၈၅ တန် တင်ပို့မှုမှ တန်ဖိုးဒေါ်လာ သန်းပေါင်း ၆၈၅ ဒသမ ၉၂၈ သန်း တင်ပို့ခဲ့သည်။

    ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၄၃၁၀ ဒသမ ၄၀၉ တန် လျော့နည်းတင်ပို့ခဲ့သော်လည်း တန်ဖိုးအနေဖြင့် ဒေါ်လာ ၄၄ဒသမ ၃၂၃ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၇၀၅၃၀ ဒသမ ၁၈၀ တန်၊ တန်ဖိုး ဒေါ်လာ ၅၄ ဒသမ ၀၇၃ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။

     ၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့  ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

       မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Source: https://news-eleven.com

Category: Local News