International News

ဩဂုတ်လတွင် တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှု ၄ ရာခိုင်နှုန်း တိုးတက်ခဲ့

Last Updated:

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုတန်ဖိုးသည် ယခုနှစ် သြဂုတ်လတွင် ယွမ် ၄.၁၈ ထရီလီယံခန့်သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

အမေရိကန်ဒေါ်လာသတ်မှတ်ချက်အရ နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှု တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၂. ၄ ဘီလီယံရှိပြီး သွင်းကုန် စုစုပေါင်းမှာ ဒေါ်လာ ၂၆၃. ၅ ဘီလီယံ ရှိကာ ပိုငွေ ကန်ဒေါ်လာ ၅၈.၉ ဘီလီယံ ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ ရေးဌာနဖော်ပြချက်များ အရ သိရှိရပါသည်။

ပို့ကုန်တန်ဖိုး ယွမ် ၂.၀၇ ထရီလီယံ နီးပါးအထိ ရောက်ရှိခဲ့ပြီး သွင်းကုန်တန်ဖိုး စုစုပေါင်း ယွမ် ၁.၅ ထရီလီယံခန့် ရှိကာ ပိုလျှံငွေ ယွမ် ၅၇၂.၄ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

ပို့ကုန်ဝန်ဆောင်မှုတန်ဖိုးသည် ယွမ် ၂၃၀.၈ ဘီလီယံရှိပြီး တင်သွင်းသည့်ဝန်ဆောင်မှု တန်ဖိုးမှာ ယွမ် ၃၈၃ ဘီလီယံရှိကြောင်း လိုငွေပြမှုမှာ ယွမ် ၁၅၂ .၂ ဘီလီယံဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

Source: https://www.chinadaily.com.cn/a/202409/27/WS66f68bfda310f1265a1c553d.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

 

 

 

 

 

Category: International News