International News

ဒစ်ဂျစ်တယ်ကုန်သွယ်မှုသည် တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်အားသစ်ဖြစ်လာ စေရေးဆောင်ရွက်လျက်ရှိ

Last Updated:

ယခင်နှစ်က တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce သည် ယွမ်ငွေ ၂.၃၇ ထရီလီယံ ယွမ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သိသာထင်ရှားသည့် တိုးတက်မှုရရှိခဲ့သော်လည်း တရုတ် နိုင်ငံအနေဖြင့် ခိုင်မာမှုရှိသော ကုန်သွယ်မှုနိုင်ငံတစ်ခုအဖြစ် ၎င်း၏ရပ်တည်ချက်ကို အားကောင်း စေရန်နှင့် ကမ္ဘာ့စီးပွားရေး အရှိန်အဟုန်ဖြင့်တိုးတက်စေရေးဆောင်ရွက်ရာတွင် မောင်းနှင်အားသစ် ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားထား သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပေးပို့သည့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် ယွမ် ၂.၇၂ ထရီလီယံ (ဒေါ်လာ ၃၈၇.၅ ဘီလီယံ) အထိ ယခင်နှစ်ကာလတူထက် ၈.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြား ချက်အရ သိရှိရပါသည်။

ယခင်နှစ်က နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce သွင်းကုန်နှင့် ပို့ကုန်ပမာဏသည် ယွမ် ၂. ၃၇ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ကာလတူထက် ၁၅.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း   ကျဲ့ကျန်း ပြည်နယ်၊ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ် တယ်ကုန်သွယ်မှုဖွံဖြိုးတိုးတက်မှုဆိုင်ရာကုန်စည်ပြပွဲတွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ ဒစ်ဂျစ်တယ် ကုန်သွယ်မှုတိုးတက်ရေးဆိုင်ရာ အစီရင်ခံစာအရ သိရှိရပါသည်။

အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ Zhu Guangyao က Big data၊ cloud computing၊ artificial intelligence နှင့် blockchain ကဲ့သို့သော ဒစ်ဂျစ်တယ်နည်းပညာများသည် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နယ်ပယ်အသီးသီးတွင် တိုးတက်လျက်ရှိပြီး ဒစ်ဂျစ်တယ် ကုန်သွယ်မှုကဏ္ဍ ခိုင်မာမှုကို ပြသခဲ့ပြီး ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ မော်ဒယ်လ်များ၊ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းများအပေါ် နက်ရှိုင်းစွာ သက်ရောက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် များစွာသော ဒေတာအရင်းအမြစ်များ၊ ကြီးမားသောပြည်တွင်းဈေးကွက်တစ်ခုနှင့် ဒစ်ဂျစ်တယ်နည်းပညာကြွယ်ဝစွာ အသုံးချနိုင်သည့် အခြေအနေများကို ပိုင်ဆိုင်ထားပြီး ၎င်းတို့အားလုံးသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှု ရေး၏ ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအားလုံး၏ ဒစ်ဂျစ်တယ်ကုန်သွယ်မှုပမာဏသည် ၂၀၂၁ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ ၆.၀၂ ထရီလီယံမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၁၃ ထရီလီယံ အထိ မြင့်တက်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်းမှာ ၈.၈ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ဒစ်ဂျစ်တယ် ကုန်သွယ် ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် တရုတ်တို့ကို ဒစ်ဂျစ်တယ်ကုန်သွယ်မှုပမာဏ ထိပ်တန်း သုံးနိုင်ငံအဖြစ် သတ်မှတ်ထားပြီး တည်ငြိမ်သည့်တိုးတက်မှုလမ်းကြောင်းကို ထိန်းသိမ်းထားနိုင် ကြောင်း၊ အစီရင်ခံစာကို Global Digital Trade Expo နှင့် International Trade Center  ကျင်းပရေး ကော်မတီတို့မှ ပူးပေါင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတကာကုန်သွယ်မှုတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် အတွင်း အရှိန်မြှင့်တက်လာခဲ့ပြီး နိုင်ငံတကာကုန်သွယ်မှု အတိုင်းအတာတစ်ခုလုံး၌ ဒစ်ဂျစ်တယ် ကုန်သွယ်မှုအချိုးအစားသည် ၁၉.၆ ရာခိုင်နှုန်းမှ ၂၂.၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကာ နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်း ၆.၂ ရာခိုင်နှုန်းဖြင့် တိုးလာကြောင်း အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

ကမ္ဘာပေါ်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှာယူထားသော ကုန်သွယ်မှုပမာဏမှာ တရုတ်၊ အီးယူ နှင့် အမေရိကန်တို့တွင် မှတ်တမ်းတင်ထားသည့် အရေအတွက်အရ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၂.၈၈ ထရီလီယံအထိ တိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်ခေတ်တွင် ပွင့်လင်းဆန်းသစ် ၍ မျှဝေသုံးစွဲနိုင်သော ဒစ်ဂျစ်တယ်စီးပွားရေး ဂေဟစနစ်ကိုတည်ဆောက်ရန်နှင့် ဆိုက်ဘာလုံခြုံရေး၊ ဒေတာလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ကာကွယ်ရေးဆိုင်ရာ အခွင့်အရေးများ အတွက် အခြေခံအဖွဲ့အစည်းဆိုင်ရာ အာမခံချက်များကို ပေးအပ်ရန် ကတိပြုထားကြောင်းကိုလည်း အစီရင်ခံစာ၌ မီးမောင်း ထိုးပြထားကြောင်းသိရှိရပါသည်။

ဒစ်ဂျစ်တယ်ကုန်သွယ်မှုသည် ကမ္ဘာ့စီးပွားရေးကို ပြန်လည်ပုံဖော်ရန်၊ တစ်ကမ္ဘာလုံးကို နည်းပညာတိုးတက်မှုများဖြင့် ချိတ်ဆက်ကာ နယ်စပ်ဖြတ်ကျော်၍ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ဒေတာ များ ချောမွေ့စွာ ရွေ့လျားနိုင်ရေး လွှမ်းခြုံဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကို ပြန်လည်ပုံဖော်ပေး နိုင်သည့် အသွင်ကူးပြောင်းရေး အင်အားစုဖြစ်လာကြောင်း နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနမှ Country Programs ဒါရိုက်တာ Dr. Ashish Shah မှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Dr. Shah က AI သည် ထောက်ပံ့ရေးကွင်းဆက်များရှိ စီးပွားရေးလုပ်ငန်းများ၏ Customer များနှင့် အပြန်အလှန်ချိတ်ဆက်ပေးခြင်းအထိ ဒစ်ဂျစ်တယ်ကုန်သွယ်မှု၏ အစိတ်အပိုင်းအားလုံးကို လျင်မြန်စွာမြှင့်တင်ပေးနေကြောင်း၊ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများ၊ e-commerce၊ fintech၊ AI နှင့် data-driven trade များသည် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် နယ်နိမိတ်အသစ်များကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အဆိုပါ စီးပွားရေးလုပ်ငန်းများအတွက် ယခုအခါ နိုင်ငံတကာဈေးကွက်နှင့် ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများ ပေါ်ပေါက်လာပြီးဖြစ်ကြောင်း၊  အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ဆန်းသစ်တီထွင်မှုကို အားပေးသော၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကာကွယ်ရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးသည် လူတိုင်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ SMEs များကို အကျိုးရှိစေမည့် စနစ်များဖန်တီးရန် အတူတကွလုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ပလပ်ဖောင်းများသည် ဒစ်ဂျစ်တယ် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန် အရင်းအမြစ်များကို စုစည်းပေးနေပြီး တရုတ်နိုင်ငံရှိ ထုတ်လုပ်သူများ နှင့် ကုန်အမှတ်တံဆိပ်များသည် နိုင်ငံတကာဈေးကွက်များတွင်  ချဲ့ထွင်ရပ်တည်နိုင်ရေး  ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် လိုက်လျောညီထွေရှိသည့် ထောက်ပံ့ရေးကွင်းဆက်များကို ထိရောက်စွာအသုံးပြုခြင်းဖြင့် သမားရိုးကျစက်မှုလုပ်ငန်းများ အသွင် ကူးပြောင်းရာတွင် ခိုင်မာသည့် တွန်းအားတစ်ခုဖြစ်လာနိုင်သည်ဟု မျှော်လင့်ထားကြောင်း သိရှိရ ပါသည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံရှိမြို့ပေါင်း ၅၀၀ တွင် လုပ်ငန်းချဲ့ထွင်ရန် စီစဉ်ထားသည့် ဖက်ရှင်အွန်လိုင်းလက်လီအရောင်းဆိုင်တစ်ခုကို ကုမ္ပဏီလည်ပတ်မှု၊ သိုလှောင်မှု၊ အော်ဒါ ရွေးချယ်မှု၊ ဖြန့်ဖြူးမှု၊ ထောက်ပံ့ပို့ဆောင်မှုစသည့် ထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက်  ဒစ်ဂျစ်တယ် နည်းပညာဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ကာ လွယ်ကူချောမွေ့စေရေး  ထောက်ပံ့ကူညီမှုပေးနိုင်ရေး မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source: https://english.www.gov.cn/news/202409/27/content_WS66f61866c6d0868f4e8eb512.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

 

 

Category: International News