International News

ဗီယက်နမ်နိုင်ငံသည် အင်ဒိုနီးရှားဈေးကွက်သို့ ဆန်တင်ပို့ရန် လေလံအောင်မြင်

Last Updated:

စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၅၀,၀၀၀ တင်သွင်းရန် လေလံ ခေါ်ယူသည့်အနက် ဗီယက်နမ်မှ ဆန်တန်ချိန် ၆၀,၀၀၀ တင်သွင်းရန် လေလံအောင်မြင်ခဲ့ကြောင်း၊ မြောက်ပိုင်းအစားအစာ ကော်ပိုရေးရှင်း (Vinafood 1) နှင့် King Green ကုမ္ပဏီတို့သည် တင်ဒါ လေလံလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကုမ္ပဏီ ၂ ခု ဖြစ်ကြောင်း သိရှိရပါသည်။

King Green ကုမ္ပဏီသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၈ ဖြင့် စုစုပေါင်းတန်ချိန် ၆၀, ၀၀၀ နီးပါးဖြင့် လေလံအတွဲနှစ်တွဲကို အောင်မြင်စွာ ရရှိခဲ့ကြောင်းဖော်ပြထားပါသည်။

ထိုင်းနိုင်ငံသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၄ ဖြင့် အမြင့်ဆုံးဈေးဖြင့် အောင်မြင်ခဲ့ပြီး ပါကစ္စတန်သည် တန်ချိန် ၂၄၀,၀၀၀ ခန့်ဖြင့် အများဆုံး လေလံရရှိခဲ့ကာ ဈေးနှုန်းအနေဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၅ မှ ၅၆၇.၅ ကြားရှိကြောင်း သိရှိ ရပါသည်။

လက်ရှိတွင် နွေရာသီ-ဆောင်းဦးဆန်သီးနှံကုန်ဆုံးချိန်ဖြစ်သောကြောင့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းများ၏ လက်ကျန်ဆန်ပမာဏမှာ နည်းပါးလျက်ရှိကြောင်းနှင့် ဗီယက်နမ် စားနပ်ရိက္ခာ အသင်း၏ အဆိုအရ ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

အထူးသဖြင့် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါသည့် ဗီယက်နမ်ဆန်ကို တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၆၅ ဖြင့် ရောင်းချပြီး ထိုင်းနှင့် ပါကစ္စတန်တို့က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၀ နှင့်  အမေရိကန်ဒေါ်လာ ၅၂၉ အသီးသီးရောင်းဝယ်ကြကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် ဩဂုတ်လကုန်အတွင်း အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၆.၁၅ သန်းကျော် တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၅.၈ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ပျမ်းမျှဆန်တင်ပို့မှုဈေးမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၂၅ ဒေါ်လာအထိ ရောက်ရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

Source: https://english.vov.vn/en/economy

စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟနွိုင်းမြို့

 

Category: International News