International News

ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမူဘောင်နှင့် ငွေလဲလှယ်နှုန်း ပြဿနာများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး ဝန်ကြီးသည် ဗဟိုဘဏ် (ထိုင်းဘဏ်)နှင့် တွေ့ဆုံဆွေးနွေးသွားရန်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံအတွင်းရှိ ငွေလဲလှယ်နှုန်းပြဿနာများနှင့် ငွေကြေးဖောင်းပွမှုမူဘောင်နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ထိုင်းဘဏ် (ဗဟိုဘဏ်) တို့ ဆွေးနွေးသွားရှိကြောင်း သိရှိရပါသည်။ဆွေးနွေးမှုများတွင် ငွေလဲလှယ်နှုန်းကို သင့်တင့်သောအဆင့်တွင် ထိန်းထားနိုင်ရန် နည်းလမ်း ရှာဖွေသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းငွေကြေးသည် ဒေသတွင်းငွေကြေးများ အထူးသဖြင့် ကုန်သွယ်ရေး ပြိုင်ဘက်များထက် ပိုမိုမတည်ငြိမ်ပါကြောင်း၊ ဆွေးနွေးမှုတွင် စီးပွားရေးအလား အလာနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းမည့် မူဘောင်လည်းပါဝင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ပို့ကုန်နှင့် ခရီးသွားလာမှုကို ထိခိုက်နိုင်သဖြင့် ငွေကြေးခိုင်မာနေမှုကို ဆက်လက်ခွင့်မပြုနိုင်သော ကြောင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ပါကြောင်း၊ ဘတ်သည် လျင်မြန်စွာ မြင့်တက်လာလျက်ရှိပြီး မတည်မငြိမ်ဖြစ်လာသည်မှာ ၁ ဒေါ်လာလျှင် ၃၆ ဘတ်မှ ၃၃ ဘတ်တွင် ဈေးခိုင်နေပါကြောင်း၊ ဘတ်ငွေခိုင်မာနေခြင်းသည် ကမ္ဘာ့ဘဏ္ဍာရေးလမ်းကြောင်းပေါ် မူတည်နေပါကြောင်း၊ ကမ္ဘာ့ဒေသများ၏ အတိုးနှုန်းများကြောင့် ဘတ်ငွေခိုင်မာနေခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး H.E Mr. Paopoom Rojanasakul က ပြောကြားခဲ့ပါ သည်။

ဘတ်ငွေခိုင်မာနေမှုအပေါ် ဆောင်ရွက်မှုတစ်စုံတစ်ရာမရှိပါက အနုတ်လက္ခဏာပြလာမည် ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံ၏ ငွေကြေးမူဝါဒသည်လည်း ကမ္ဘာ့ဘဏ္ဍာရေး လမ်းကြောင်းနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း၊ အခြားနိုင်ငံများ၏ မူဝါဒများနှင့် မကိုက်ညီပါက ဘတ်ငွေမတည်ငြိမ်မှုကို ဖြေရှင်းနိုင် မည် မဟုတ်ကြောင်း၊ စီးပွားရေးနှင့် ငွေကြေးမူဝါဒပြဿနာများသည် အရေးကြီးပါကြောင်း၊ ငွေကြေး ဖောင်းပွမှုစီမံခန့်ခွဲမှုမူဘောင် ၂၀၂၅ ပါ ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်နှင့် ဆွေးနွေးပြီးနောက် အသေးစိတ်ကို ပြည်သူလူထုထံ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com  (စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News