International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထွန်းသစ်စလုပ်ငန်းများအတွက် စျေးကွက်ပိုမိုပွင့်လင်းလာစေရေး ဆောင်ရွက်မည်ဟု ကတိပြုထား

Last Updated:

နည်းပညာသစ်များ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် အထူးမူဝါဒဆိုင်ရာ နည်းလမ်း များအသုံးပြုခြင်းဖြင့် ထွန်းသစ်စလုပ်ငန်းများ ဈေးကွက်ဝင်ရောက်ရာတွင် တွေ့ကြုံရမည့် အတားအဆီးများ ဖယ်ရှားနိုင်ရေး စီစဉ်ထားကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးပညာရှင်မှ ပြောကြားခဲ့ သည်ဟုသိရှိရပါသည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ လက်ထောက်ညွှန်ကြား ရေးမှူး Li Chunlin က အဆိုပါ ကြိုးပမ်းအားထုတ်မှုကို ဦးဆောင်နိုင်ရေး အဓိကနယ်ပယ်များအလိုက် ရှေ့ပြေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စျေးကွက်ဝင်ရောက်မှု လွယ်ကူစေရန် အထူးအစီအမံများကို အဆင့်ဆင့် မိတ်ဆက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

စျေးကွက်ဝင်ရောက်မှုစနစ်ပိုမိုကောင်းမွန်လာစေရေးအတွက် သြဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့ သည့် သဘောထားစာတမ်းနှင့်စပ်လျဉ်း၍ ပြောကြားရာ၌ အာကာသ၊ လေကြောင်း၊ စွမ်းအင်သစ်နှင့် ဉာဏ်ရည်တုအပါအဝင် ထွန်းသစ်စလုပ်ငန်းဆယ်ခုကို ပထမဦးစွာအာရုံစိုက်ဆောင် ရွက်မည်ဖြစ်ကြောင်း၊ နက်ရှိုင်းသည့် စက်မှုလုပ်ငန်းအသွင်ကူးပြောင်းရေးအတွက် အဓိကအတားအဆီးများကိုဖယ်ရှားရန်နှင့် လက်လှမ်းမီဆောင်ရွက်နိုင်၍ ထိရောက်မှုရှိစွာ တိုးတက်စေရေးအတွက် တီထွင်ဆန်းသစ်မှုရှိသော ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များတိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

လက်ရှိထွန်းသစ်စနယ်ပယ်တွင်း နှောင့်ယှက်ဖျက်စီးသည့် နည်းပညာများလျင်မြန်စွာ တိုးတက် လျက်ရှိပြီး ဈေးကွက်ဝင်ရောက်ခွင့်နှင့်သက်ဆိုင်သည့် စည်းမျဉ်းများရှင်းလင်းမှုမရှိခြင်းနှင့် အလွန်တင်းကျပ်သည့်ဝင်ရောက်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့်အဆိုပါလုပ်ငန်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် ဝင်ရောက်ခွင့်ကန့်သတ်ချက်များကို ဖြေလျှော့ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု လည်းသိရှိရပါသည်။

ထွန်းသစ်စ နယ်ပယ်များအတွက် စျေးကွက်ဝင်ရောက်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသည် သမားရိုးကျ ခွင့်ပြုချက်ပုံစံများပေါ်တွင်သာ မှီခိုနေကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအစား ပိုမိုလိုက်လျော ညီထွေရှိပြီး ခံနိုင်ရည်ရှိစေမည့် စီမံခန့်ခွဲမှုစနစ်တစ်ခုဖန်တီးနိုင်ရေးအတွက် စံနှုန်းများသတ်မှတ်ခြင်းနှင့် အခြေအနေများပေါ်မူတည်၍ လမ်းညွှန်ထားသည့် စျေးကွက်ယန္တရားလည်ပတ်မှုပုံစံများကို အသုံးချသင့်သည်ဟု ပြောကြားခဲ့ကြောင်းလည်းသိရှိရပါသည်။

တီထွင်ဆန်းသစ်မှုများနှင့် စက်မှုလုပ်ငန်းစနစ်များကြားရှိ အတားအဆီးအချို့မှာ စျေးကွက်ဝင် ရောက်မှုကို အနှောင့်အယှက်ဖြစ်စေသဖြင့်  စာတမ်းတွင် ခေတ်မီနည်းပညာအသုံးချရေးစင်တာများနှင့် ဆန်းသစ်တီထွင်ထားသည့်ပလပ်ဖောင်းများကို အသုံးပြုဆောင်ရွက်စေခြင်းဖြင့် ကုန်ထုတ်စွမ်းအား ပြောင်းလဲဆောင်ရွက်နိုင်ရေးတိုက်တွန်းထားကြောင်း၊ စျေးကွက်ဝင်ရောက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာစည်းမျဉ်းများနှင့် စံနှုန်းများသတ်မှတ်ရာတွင် အဓိကစီးပွားရေးလုပ်ငန်းများနှင့် သုတေသနအဖွဲ့အစည်းများက တက်ကြွစွာပါဝင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်းလည်းသိရှိရပါသည်။

Negative List စီမံခန့်ခွဲမှုဆိုင်ရာထုတ်ပြန်မှုများပြင်ဆင်ဆောင်ရွက်ခြင်း၊ ဝင်ရောက်ခွင့် စည်း မျဉ်းများတိကျစွာချမှတ်ခြင်း၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခွင့်မူဝါဒများကြား ညှိနှိုင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် လုပ်ငန်းသစ်များအတွက် ဈေးကွက်ဝင်ခွင့် ပိုမိုကောင်းမွန် စေရေးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နိုင်ငံလုံးနှင့်သက်ဆိုင်သည့် Negative list စာရင်းထုတ်ပြန်နိုင်ရေးပံ့ပိုးဆောင်ရွက်ခြင်း၊ တစ်သမတ်တည်းဖြစ်စေရေးဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် လုံခြုံခိုင်မာမှု၍ တန်းတူ ညီမျှရှိစေမည့် စျေးကွက်ဝင်ရောက်မှုဖြစ်စေရေး ဆောင်ရွက်ရန်တိုက်တွန်းကြောင်း၊ ပြဋ္ဌာန်းချက်များ ခိုင်မာစွာချမှတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမျိုးသားလုံခြုံရေးနှင့် လူမှုတည်ငြိမ်ရေးတို့အရ သဘောတူညီမှုမရရှိသေးသည့်လုပ်ငန်းနယ်ပယ်များနှင့် ဖြန့်ဖြူးရောင်းချမှုတိုးတက်မည့် ဈေးကွက်များ နှင့်စပ်လျဉ်းသည့်ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဝင်ရောက်ခွင့်ကန့်သတ်ချက်များကို ဖြေးဖြေးချင်းဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း၊ စာတမ်းပါအချက်များ အကောင်အထည်ဖော်ရေး၊ စျေးကွက်ဝင်ရောက်မှု ပတ်ဝန်းကျင်ကိုအကောင်းဆုံးဖြစ်စေရေး၊ စျေးကွက်မျှော်မှန်းချက်မြှင့်တင်ရေးတို့တွင်လည်း အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

Source: http://en.people.cn/n3/2024/0831/c90000-20212709.html

ဒေါ်သင်းသင်းအောင်

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

 

Category: International News